အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)
အပိုင်း ( ၁၆၁ )
Chapter 161 မပြန်လမ်း…...ဘုရင်တွေရဲ့လမ်းကြောင်းတိတ်ဆိတ်တဲ့ ချိုင့်ဝှမ်းတစ်နေရာမှာတော့ သွေးတွေ ဖုံးလွှမ်းနေတဲ့ ဒဏ်ရာရသူ တစ်စုံ တစ်ယောက်ဟာ မြက်ပင်တွေကြားမှာ လဲနေခဲ့ပါတယ်။ သူ့ပတ်၀န်းကျင်မှာတော့ ထူးဆန်းတဲ့ လူနဲ့ သဏ္ဍာန်တူတဲ့ သုံးယောက်က သူ့အပေါ်မှာ ပတ်လည် ပျံသန်းနေခဲ့ကြပြီး၊ ရောင်စုံအလင်းတွေနဲ့ ထွန်းလင်းပေးေနခဲ့ပါတယ်။
ကျောက်ဖူ သူ့မျက်လုံးတွေကို ဖြည်းဖြည်းချင်းပဲ ဖွင့်ကြည့်လိုက်ပါတယ်။ နေရောင်က အတော်အတန် တောက်ပနေတာကြောင့် သူ့ရဲ့သွေးထွက်နေတဲ့ လက်တွေနဲ့ ရောင်စုံအလင်းေတွကို တားဆီးဖို့ ကြိုးစားခဲ့ပါတယ်။
ရုတ်တရက် သူ့ ပတ်လည်မှာ ပျံသန်းနေတဲ့ လူ အသွင်သဏ္ဍာန် သုံးယောက်တို့ဟာ ထူးဆန်းတဲ့ ဘာသာစကားနဲ့ အော်ဟစ်ပြောဆို နေခဲ့ကြပါတယ်။ ဒီအခါမှသာ ကျောက်ဖူ ဒီအရာကို သတိပြုမိ လိုက်ပါတယ်။
သူတို့က ထန်းပင်ပုတွေလောက် ကြီးပြီး၊ မိန်းကလေးငယ်တွေနဲ့ ဆင်တူနေကြပါတယ်။ သူတို့ရဲ့ မျက်နှာအသွင်အပြင်တွေက ချစ်စရာကောင်းပြီး၊ နူးညံ့သိမ်မွေ့ပါတယ်။ ပန်းပွင့်ပွင့်ချပ်တွေနဲ့ လုပ်ထားတဲ့ အဝတ်တွေကို ဝတ်ဆင်ထားပြီး၊ သူတို့ရဲ့ ကျောမှာေတော့ သစ်ရွက်ပုံစံ ဒိုးယိုပေါက္မြင်နေရတဲ့ တောင်ပံတွေရှိေနကြပါတယ်။
သူတို့တွေရဲ့ ကွဲပြားခြားနားတဲ့ တစ်ခုတည်းသောအရာကတော့ သူတို့ခေါင်းပေါ်မှာ ရှိေနကြတဲ့ ပန်းတွေပါပဲ။ သူတို့ထဲက တစ်ေယာက်ရဲ့ ခေါင်းပေါ်မှာ နှင်းဆီပန်း တစ်ပွင့် ရှိေနခဲ့ပြီး၊ သူမက အတော်လေး သွက်သွက်လက်လက်ပုံပေါက်နေခဲ့ပါတယ်။ နောက်တစ်ယောက်ကတော့ သူမရဲ့ ခေါင်းပေါ်မှာ လီလီပန်း တစ်ပွင့် ရှိေနခဲ့ပြီး၊ သူမက နှုးညံ့သိမ်မွေ့ပုံပေါက်ပါတယ်။ ကျန်တဲ့ တစ်ယောက်ရဲ့ ခေါင်းပေါ်မှာတော့ မက္မွန်သီးပွင့်ပုံပန်း ရှိနေခဲ့ပြီး၊ သူမက အလွန်အရှက်သည်း နေပုံပေါက်နေခဲ့ပါတယ်။
YOU ARE READING
အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)
Fantasyကောင်းကင်ဘုံနိုးထခြင်း ကမ္ဘာ