အပိုင်း (၄၅)

292 26 1
                                    


အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း ( ၄၅ )
Chapter  45      နတ်ဘုရား ဗျာဒိတော်  (နတ်ဘုရား နှုတ်ကပတ်တော်အမှာစကား)

ဒီနွမ့်စ် ၃၀၁ ယောက်ရှိတဲ့အနက် ကျောက်ဖူ သူ့စစ်တပ်ထဲတွင် နွမ့်စ် ဒူလေးစစ်သည်  ၁၀၀ ကို ထည့်သွင်းဖွဲ့စည်းထားခဲ့လိုက်သည်။ မဟာ ချင် ကျေးရွာကို ပြန်သွားပြီးနောက် သူက နွမ့်စ် ကျေးရွာနဲ့ ဓါးပြ ကျေးရွာကို ပြန်လည်နေရာချထားခဲ့သည်။

အဲ့ဒီနောက် သူက မဟာ ချင် ကျေးရွာရဲ့ အနောက်ဘက်ကို သွားလိုက်ပြီး၊ အပြာရောင် လေးထောင့်ကုဗတုံးကို ထုတ်ယူလိုက်ကာ မြေပေါ်ချထားလိုက်ပြီး၊ လက်နှင့် ဖိကပ်ထားလိုက်သည်။ အဲ့ဒီ့နောက် ဂိမ်းစနစ်ကြေညာချက် တစ်ခုထွက်ပေါ်လာခဲ့သည်

“ စနစ်ကြေညာချက်၊ မြို့တော်ဖန်တီးခြင်း ကျောက်တုံးကို အသုံးပြုချင်ပါသလား။"

ကျောက်ဖူ လုပ်ဆောင်မယ် ဆိုတာကိုရွေးချယ်ခဲ့လိုက်သည်။
အဲ့ဒီနောက် အဆောက်အဦ အနည်းငယ်သည် မြူတွေကြားကနေ ထွက်ပေါ်လာခဲ့ပြီး၊ တဖြည်းဖြည်းခြင်း ရွာတစ်ရွှာလို ရုပ်လုံးပေါ်လာခဲ့သည်။ ဒီအချိန်မှာတော့ နောက်ထပ် ဂိမ်းစနစ်ကြေညာချက်တစ်ခုက ထပ်မံထွက်ပေါ်လာခဲ့သည်။

“ ကျေးဇူးပြုပြီး၊ ဒီရွာကို နာမည်ပေးပါ။” 

ကျောက်ဖူ နာမည်ပေးဖို့ အချိန်ခဏလောက် စဉ်းစားလိုက်ပြီး၊ ဒီရွာသည် မဟာ ချင် ကျေးရွာရဲ့ အနောက်ဘက်မှာ ရှိနေတဲ့တာကြောင့် အနောက်ဖက်သစ်တောကျေးရွာလို့ နာမည်ပေးခဲ့လိုက်သည်။

ကျေးရွာနာမည် ပေးပြီးနောက်မှာတော့ ပုံရိပ် ၄ခုသည် မြူတွေကြားထဲကနေ တဖြည်းဖြည်းခြင်း ထွက်ပေါ်လာခဲ့သည်။ အဲ့ဒီထဲက တစ်ယောက်သည် အဖြူရောင် မုတ်ဆိတ်မွေးရှည်တွေ ရှိ‌နေတဲ့အကြီးအကဲတစ်ယောက်ဖြစ်ပြီး၊ ကျန်တဲ့ လူသုံး ယောက်ကတော့ ပန်းပဲဆရာ၊ ဆေးဆရာ နဲ့ အပ်ချုပ်သည်တွေပဲဖြစ်သည်။ မုတ်ဆိတ်ဖြူကြီးသည် အသက်အရွယ် အတော်ကြီးရင့်နေပြီး၊ B အဆင့် ဖြစ်သည်။ ကျန်တဲ့ သုံးယောက်ကတော့ C အဆင့်တွေပါ။ အဲ့ဒီနောက် ကျောက်ဖူ မဟာ ချင် ကျေးရွာမှ လူ ၁၀ ယောက်ကို အနောက်ဖက်သစ်တော ကျေးရွာအတွက် အခြား အခြေခံအဆောက်အဦတွေကို ဆောက်လုပ်ဖို့ ပို့ဆောင်ပေးခဲ့သည်။

အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)Where stories live. Discover now