အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)
အပိုင်း ( ၁၃၈ )
Chapter 138 ချင် ခုခံရေးနောက်ထပ် မြောက္များစွာသော ပြန်ကြားချက်တွေရှိေနခဲ့ပြီး၊ ကျောက်ဖူ အများစုကို ကျော်သွားခဲ့ကာ ပို အရေးကြီးတဲ့ အကြောင်း အရာတွေကို ဖတ်ခဲ့လိုက်ပါတယ်။
ရင်း မိသားစုခေါင်းဆောင်တွေက သူတို့ရဲ့ အဖွဲ့တွေနဲ့ အရင်းအမြစ်တွေအားလုံးကို မဟာ ချင် ရဲ့အမွေခံ လက်ထဲကို လွှဲပြောင်းပေးမယ်လို့ လူသိရှင်ကြား ထုတ်ဖော်ထားခဲ့ပါတယ်။ တစ်ကယ်လို့ ရင်းမိသားစုကို သူ့အနေနဲ့ ပြန်လည်ဝင်ရောက်ပါက ရင်း မိသားစုတစ်ခုလုံးရဲ့ ဘိုးဘေးဖြစ်လာမယ်လို့ ပြောကြားထားပါတယ်။ သူတို့က မဟာ ချင်ရဲ့ အမွေခံဟာ မဟာ ချင်ရဲ့ ဂုဏ်ကျက်သရေကို ပြန်လည်ထွန်းပြောင်လာစေမယ်လို့ ယုံကြည်ေနကြပါတယ်။ ဒီယုံကြည်မှုတွေကို လှည့်စားတဲ့ရည်ရွယ်ချက်နဲ့ သူတို့ကို ကြေကွဲဖွယ်ကြီးကျယ်တဲ့ ပြသနာတွေ ပေးခဲ့ရင်တောင် ရင်ဆိုင်မယ် ဆိုပြီးလည်း ကတိပေးထားပါသေးတယ်။
ဒီကိစ္စကို အများမြင်သာအောင် ကြေညာထားပြီး၊ ကတိပေးထားခြင်းဖြင့် သူတို့ရဲ့ ရိုးသားမှုကို တွေ့မြင်နိုင်အောင် လုပ်ထားပါတယ်။ ဒါပေမယ့် ကျောက်ဖူ သူ့ကိုယ်သူ ထုတ်ဖော်ဖို့ အစီအစဉ် မရှိပါဘူး။
တစ်စုံတစ်ယောက်ရဲ့လက်ထဲကို သူ့တို့ရဲ့ ဘဝ တွေ လွှဲအပ်မယ်ဆိုတဲ့ ကတိက အတင်းယုံခိုင်းနေသလိုပဲ မဟုတ်ပါလား။ ရင်း မိသားစုရဲ့ အဖွဲ့အစည်းတွေနဲ့ သယံဇာတအရင်းအမြစ်ေတွဟာ အလွန်တရာ ဆွဲဆောင်မှုရှိပြီး၊ သူတို့က စိတ်ရင်းမှန်နဲ့ ပြောဆိုနေတယ်လို့ ထင်ရပေမယ့် ဒီ အစစ်အမှန်ကမ္ဘာမှာတော့ ကျောက်ဖူ အလွန်အားနည်းနေပါသေးတယ်။ သူ့ကိုယ်သူ ကာကွယ်နိုင်ခြင်းမရှိသေးတာကြောင့် ရန်သူေတွက သနားမယ် ဆိုတာကို မယုံခဲ့ပါဘူး။ သူက မိမိကိုယ်ကို ကာကွယ်နိုင်တဲ့ အစွမ်းအစ ရှိတဲ့အချိန်ထိ ဖုံးကွယ်ထားဦးမှာပါ။
ဒုတိယတွေ့ခဲ့တဲ့ စာပိုဒ်ကတော့ ဒီအလယ်ပိုင်းကုန်းမြေတိုက်ကြီးရဲ့ မြောက်ပိုင်း ဧရိယာမှာ နိုင်ငံငယ်လေးတွေရဲ့ အမွေခံ အနည်းငယ်ရဲ့ အကြောင်းကြောင့်ပါပဲ။ ဒီနေရာမှာ တိုင်းငယ်ပြည်ငယ်များ စစ်မက္ ကာလမှ ဝေပြည်ထောင်၊ ၁၆ နိုင်ငံခတ်မှ ချီနိုင်ငံ၊ မင်းဆက် (၅) ခုနဲ့ နိုင်ငံ (၁၀) ခတ်မှ နောက်ပိုင်း ကျောက္ မင်းဆက် ၊ တိုးတောင်းတဲ့ ကာလလောက်သာ အုပ်ချုပ်ခဲ့ရတဲ့ မဟာ ရွှမ်း တို့ ရှိနေခဲ့ပါတယ်။ မဟာ ချင် ကြောင့် သူတို့လေးဖွဲ့ဟာ နေ့ရောညပါ ကြောက်ရွံ့စွာနဲ့ နေထိုင်နေရပါတယ်။ ဒါကြောင့် ဒီ မြောက်ပိုင်း ဧရိယာမှာ ရှိနေကြတဲ့ အမွေခံတွေအာလုံး စုစည်းပြီး၊ ချင် ခုခံရေးမဟာမိတ် အဖွဲ့ကို ဖွဲ့စည်းခဲ့ကြပါတယ်။
YOU ARE READING
အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)
Fantasyကောင်းကင်ဘုံနိုးထခြင်း ကမ္ဘာ