အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)
အပိုင်း ( ၁၅၁ )
Chapter 151 အစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်းလူအများစုက မြို့ဂိတ်တံခါးက ရုတ်တရက်ပိတ်လိုက်တာကြောင့် အချို့လူတွေက ၀င်ငွေရဖို့ အတွက် အမဲလိုက်ရန် အပြင်ထွက်ဖို့ ဆန္ဒရှိေနခဲ့ကြပါတယ်။ အချို့ကလည်း ပြင်ပမှာ တွေ့ရှိလာခဲ့တဲ့ ပစ္စည်းတွေကို ရောင်းချဖို့ အထွက် အထဲဝင်ချင်နေကြပါတယ်။
ကောင်းကင်ဘုံကျောက်တုံးမြို့တော်မှာ ကစားသမား အဖွဲ့အစည်းေတွက အများအပြားမရိှကြေပမယ့် မြို့တော်မှာ ကစားသမား အတော်များများေတာ့ ကျန်ရှိနေပါသေးတယ်။ ဒါပေမယ့် ဒီလို မြို့ဂိတ်တံခါးေတွကို ပိတ်ဖို့ အမိန့်ပေးလိုက်တာကြောင့် ကစားသမားတွေ သာမက ဒေသခံ ဌာနေတွေရဲ့ များပြားလှတဲ့ လုပ်ငန်းဆောင်တာတွေ ရပ်ဆိုင်းသွားခဲ့ကြတာပါ။
မြို့ဂိတ်တံခါးတွေကို သတိပေးခြင်းမရှိဘဲ ရုတ်တရက်ပိတ်ဆို့လိုက်တာကြောင့် ဂိတ်တံခါးပေါက်နှစ်ဖက်စလုံးမှာ ရပ်နေကြတဲ့ လူတွေက အတော်လေး မကျေနပ်ဖြစ်နေကြပြီး၊ မြို့တံခါးတွေကို ပြန်ဖွင့်ပေးဖို့ အော်ဟစ်နေကြပါတော့တယ်။
မြို့အစောင့်တွေက အေးစက်စက် ပြုမှုနေခဲ့ကြပါတယ်။ သူတို့ကို ဘယ်သူမှ ၀င်ထွက်ခွင့် မပေးဖို့ အမိန့်ပေးထားတာကြောင့်ပါ။ ဒါကြောင့် သူတို့ေတွက ကျယ်လောင်စွာ အော်ပြောလိုက်ကြပါတယ်။
“ မြို့တံခါးတွေ ပိတ်ထားပါတယ်။ ဝင်ထွက်ဖို့ လုပ်တဲ့ ဘယ်သူမဆိုကို သတ်ပစ်မယ်။"
ဒီစကားတွေကို ကြားလိုက်ရတဲ့ လူအများအပြားက သတ်ဖြတ်မယ်ဆိုတာကြောင့် နောက်ဆုတ်သွားခဲ့ကြပါတယ်။ သူတို့ဟာ မယုံနိုင်လောက်အောင် မကျေမနပ်ဖြစ်နေခဲ့ကြပါတယ်။ သူတို့ရဲ့ အသက်ရှင်သန်ဖို့က ဘယ်စီးပွားရေးကိစ္စမဆိုထက် အရေးကြီးတယ် မဟုတ်ပါလား။
တဆက်တည်းမှာပဲ သူတို့တွေ အတော်လေးစိတ်ရှုပ်နေခဲ့ကြပါတယ်။ ကောင်းကင်ဘုံကျောက်တုံးမြို့တော် ရဲ့ဂိတ်တံခါးတွေကို ဒီလို ရုတ်တရက်ပိတ်လိုက်ရအောင် ဘာေတွများဖြစ်ခဲ့ကြပါသလဲ။ ဒါမျိုးဖြစ်တာက ပထမဆုံးအကြိမ်ပါပဲ။
YOU ARE READING
အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)
Fantasyကောင်းကင်ဘုံနိုးထခြင်း ကမ္ဘာ