အပိုင်း (၆၇)

262 28 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း ( ၆၇ )
Chapter 67            ပြီးပြည့်စုံတဲ့ သစ်သား ၆ချောင်း အတားအဆီး  ဝင်္ကပါ

အသေးစိတ်ပုံစံအတွက် ယှဉ်ပြိုင်သူတွေထဲမှာ မိသားစုကြီး ၆ ခုနဲ့ အဓိကကစားသမားအုပ်စုသုံးစု အပြင် အခြား အမည်မသိတဲ့ အုပ်စုနှစ်ခု ပါ၀င်နေခဲ့သည်။

အသေးစိတ်ပုံစံရဲ့ စျေးနှုန်းကမြင့်မားလာပြီး၊ မကြာမီမှာပဲ ငွေဒင်္ဂါး ၂၄၀၀၀ အထိ ရောက်ရှိသွားခဲ့ပါပြီ။

သီးသန့်အခန်းထဲမှာတော့ လူအနည်းငယ်ဟာစားပွဲတစ်ခုထဲမှာ ဝိုင်းထိုင်နေကြသည်။ သူတို့ထဲမှတစ်ယောက်က ကျင်းယု ဖြစ်ပြီး၊ သူမဘေးမှာတော့ ကပ်ထိုင်နေတဲ့ သူမထက် အသက်နည်းနည်းလောက်ပိုကြီးတဲ့ လူငယ်တစ်ယောက်လည်း ရှိနေခဲ့သည်။ အဲ့ဒီသူကတော့ သူမရဲ့ အစ်ကိုအကြီးဆုံးဖြစ်ပြီး၊ ကျင်း မိသားစုရဲ့အရိုက်အရာဆက်ခံမယ့်သူ ကျင်းဖန်ပါပဲ။

"ကျင်း မိသားစုအနေနဲ့ ဒီအသေးစိတ်ပုံစံကို အရယူရမယ်။ ကံကောင်းတာက ယုအာမှာ အဝတ်အထည်ဆိုင်ရှိနေလို့၊ မဟုတ်ရင် ငါတို့ ဒီလောက် မြင့်တဲ့ လေလံကြေးနဲ့ဆို လေလံဝင်မဆွဲနိုင်လောက်ဘူး။"

ဆိုပြီး ကျင်းဖန်းက ကျင်းယုကို စပ်ဖြီးဖြီးနဲ့ ကြည့်ပြီး၊ ပြောလိုက်သည်။

ကျင်းယု  ခေါင်းကို ညိတ်ပြလိုက်ပေမယ့်၊ ဘာမှပြန်မပြောခဲ့ပါဘူး။ သူတို့က မောင်နှမတွေ ဖြစ်ပေမယ့်၊ သူတို့ရဲ့ ဆက်ဆံရေးက အေးစက်နေခဲ့သည်။ မိသားစုတစ်ခုလုံးမှာ သူမနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိသူကတော့ ဒုတိယအစ်ကိုပါ။

ကျင်းယု ကျောက်ဂျင်နဲ့ လက်ထပ်ထိမ်းမြားဖို့ ပြောတဲ့အခါက သူမရဲ့ဒုတိယအစ်ကိုကသာ ဒီကိစ္စကို ဆန့်ကျင်ခဲ့တာပါ။ ကျောက်ဂျင်က ဘယ်လိုလူလဲ ဆိုတာ သူအစ်ကိုက သိလို့ပါ။ ဒါပေမယ့် အကြီးဆုံးအစ်ကိုက ဒီလိုကန့်ကွက်တာကို ဆန့်ကျင်ရုံသာမက ကျောက်ဂျင်နဲ့ လက်ထပ်ဖို့တောင် ကျင်းယုကို နားချခဲ့ပါသေးသည်။ နည်းနည်းလောက် စွန့်လွှတ်အနစ်နာခံဖို့၊ မိသားစုအကြောင်း စဉ်းစားဖို့တွေကို သူက ပြောခဲ့တာကြောင့် သူမအနေနဲ့ ခေါင်းညိတ်ခဲ့ရတာပါ။

အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)Where stories live. Discover now