အပိုင်း (၁၁၂)

226 21 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း ( ၁၁၂ )
Chapter 112           စွမ်းအားပါဝါများကို ပိုင်ဆိုင်ထားသူ

အခြေအနေတွေအရ ဘိုင်ချီဟာ သံမဏိကျောကုန်း နတ်ဆိုးသားရဲဝက်ဝံထက် အနည်းငယ်အားနည်း‌ေနခဲ့ပါတယ်။ ဒါပေမယ့် အခြား သုံးယောက်က ဝင်ရောက် တိုက်ခိုက်လာခဲ့တာကြောင့် အခြေအနေတွေက သူ့ကို မျက်နှာသာ ပေးနေခဲ့ပါပြီ။

သံမဏိကျောကုန်း နတ်ဆိုးသားရဲဝက်ဝံရဲ့တိုက်ခိုက္မှု‌ေတွ အားလုံးက ဘိုင်ချီ့အပေါ်ပဲ အာရုံစိုက်နေခဲ့တဲ့အတွက် ဒိုကီက သူ့လှံနဲ့ ဝက်ဝံကို နောက်ကျောကနေ ထိုးစိုက်တိုက်ခိုက်လိုက်ပါတယ်။ ဒါကြောင့် သံမဏိကျောကုန်း နတ်ဆိုးသားရဲဝက်ဝံရဲ့ အာရုံစိုက္မှုက ဘိုင်ချီဆီကနေ ဒိုကီဆီကို ပြောင်းသွားခဲ့ပါတယ်။

  ဒိုကီ သံမဏိကျောကုန်း နတ်ဆိုးသားရဲဝက်ဝံနဲ့ ထိပ်တိုက် ရင်မဆိုင်ရဲတာကြောင့် သားရဲဝက်ဝံရဲ့ တိုက်ခိုက္မှုတွေကို အဆက္မပြတ် ရှောင်ရှားနေခဲ့ရပါတယ်။ ဒီအချိန်မှာပဲ ဂတ်လီက  သံမဏိကျောကုန်း နတ်ဆိုးသားရဲဝက်ဝံရဲ့ ဒိုကီအပေါ်တိုက်ခိုက်နေမှုကို သူ့ရဲ့ ရွှေ အဆင့် ဒိုင်းနဲ့ ဝင်ရောက် ခုခံလိုက်ပြီး၊ သံမဏိကျောကုန်း နတ်ဆိုးသားရဲဝက်ဝံရဲ့ အာရုံကို ပြောင်းလဲလိုက်ပါတယ်။ ဒေစီက သူတို့ နောက်ကွယ်ကနေ မှော်စွမ်းရည်တွေနဲ့ သစ်သားဆူးချွန်တွေလုပ်ပြီး၊ သံမဏိကျောကုန်း နတ်ဆိုးသားရဲဝက်ဝံဆီကို ပစ်လွှတ်တိုက်ခိုက်လိုက်ပါတယ်။

  သူတို့ရဲ့ တွဲဖက်ညီညွတ်စွာတိုက်ခိုက် နေမှုတွေက ကြည့်လို့ အတော်လေးကောင်းပါနေပါတယ်။ ဒါကြောင့် ကျောက်ဖူ ဘာမှ ဝင်မလုပ်သေးပဲ သူတို့ကို စိတိကြိုက် ရင်ဆိုင်ခိုင်းခဲ့ပါတယ်။ သူကတော့ သူကို ကာကွယ်ဖို့ ခံစစ်တံတိုင်းလုပ်ထားတဲ့ စစ်သည်တွေရဲ့ နောက်မှာပဲ ရပ်နေခဲ့ပါတယ်။

ဘိုင်ချီ သံမဏိကျောကုန်း နတ်ဆိုးသားရဲဝက်ဝံက ဒိုကီဆီကို အာရုံပြောင်းသွားတာ မြင်လိုက်ရတဲ့အခါ အလျင်အမြန်ပဲ သူက ဝက်ဝံရဲ့ ဘေးဘက်ကနေ သူ့ဓါးနဲ့ ခုတ်ချလိုက်တဲ့ အတွက် ၃၀ စင်တီမီတာ‌ေလာက် ရှည်တဲ့ ဓါးခုတ်ရာတစ်ချက်  သားရဲဝက်ဝံ ရသွားခဲ့ပါပြီ။

အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)Where stories live. Discover now