အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)
အပိုင်း ( ၃၄ )
Chapter 34 သန့်ရှင်းသောအလင်းမြို့တော်လောလောဆယ်အခြေအနေမှာတော့ တရုတ်နယ်နိမိတ်အားလုံးမှာ စစ်ပွဲလေးတွေနဲ့ ပြည့်နေခဲ့သည်။ အပေါ်ဖက်တွင် တဆာရစ် အင်ပါယာ(ရုရှား)က တရုတ်ကိုစောင့်ကြည့်နေတဲ့ ကျားတစ်ကောင်နဲ့ဆင်တူနေခဲ့သည်။ အောက်ဖက်မှာတော့ ဗီယက်နမ်တွင် အင်အားစုအမျိုးမျိုးရှိနေခဲ့သည်။ တရုတ်ရဲ့ ညာဖက်မှာတော့ ရန်သူတွေ ဖြစ်သည့် အိန္ဒိယ၏ တိုင်းငယ် ပြည်ငယ်နှင့်အင်ပါယာ ၂၃ ခုအထိ ရှိနေခဲ့သည်။ ဘယ်ဘက်မှာတော့ ဂိုဂူလျော၊ ဘက်ဂျယ် နှင့် ဆီလာတို့ရဲ့ ကိုယ်ပိုင်စီရင်စုတွေ ရှိနေခဲ့သည်။ ဂျပန်မှ အိုဒနိုဗန်နဂရဲ့မျိုးရိုး အိုဒ ကမိယလည်း အဲ့ဒီဘက်မှာရှိနေခဲ့သည်။
ရှေးရောမအင်ပါယာကလည်း ပြန်လည်ရှင်သန်လာခဲ့ပြီး၊ ပုပ်ရဟန်းမင်းကြီးနန်းတော်က ဘာသာရေးဆိုင်ရာ ရည်ရွယ်ချက်တွေအတွက် ခရူးဆိတ်စစ်ပွဲကို စတင်ဖန်တီးခဲ့သည်။ အနောက်ဘက်မှာတော့ ဘုရင်အာသာ ပန်ဒြာဂွန်ရဲ့ မျိုးဆက် တီနာပန်ဒြာဂွန်က ဒဏ္ဍာရီလာ အိပ်ခ်ျကလီဘာ ဓါး (Excalibur) ကိုပိုင်ဆိုင်ထားပြီလို့ ကြေညာလာခဲ့သည်။
တစ်ချိန်တည်းမှာပဲ ရှေးဟောင်း ဖာရာဘုရင်ရဲ့ မျိုးဆက်တွေကလည်း စွမ်းအားစတင် ဖြန့်ကျက်လာခဲ့သည်။ ထို့အပြင် လူရိုင်းမျိုးနွယ်စု အများအပြလည်း စတင်ပေါ်ပေါက်လာခဲ့သည်။
ကောင်းကင်ဘုံနိုးထခြင်းကမ္ဘာကြီး တစ်ခုလုံးသည် ရှုပ်ထွေးနေခဲ့ကြပါပြီ။ နိုင်ငံတွေ၊ ဘာသာတရားတွေနှင့် ယဉ်ကျေးမှုတွေ ကွဲပြားခြားနားကြတာကြောင့် အုပ်စုအဖွဲ့အစည်းတွေသည် တစ်ယောက်နှင့်တစ်ယောက် စစ်ပွဲတွေ ဆင်နွှဲနေခဲ့ကြပါပြီ။ အပြင်းထန်ဆုံး တိုက်ပွဲတွေကတော့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ မြို့တော်တွေမှာ စတင်ဖြစ်ပွားခဲ့ပြီး၊ အဲ့ဒီနေရာတွေက သွေးတွေသည် မြေပြင်တစ်ခုလုံးကို ရဲရဲနီစေခဲ့သည်။ မှန်တာပေါ့။ ရှုပ်ထွေးမှု အရှိဆုံးနေရာကတော့ တရုတ်ပဲ ဆိုတာပါ။
တရုတ်သည် အမြဲလိုလို အရှေ့တလွှားမှာ လွှမ်းမိုးခဲ့နိုင်သူဖြစ်ပြီး၊ သမိုင်းကြောင်းတစ်လျှောက် လူမျိုးများစွာကို ဒေါသထွက်စေခဲ့သည်။ မရေမတွက်နိုင်တဲ့အဖွဲ့တွေက သူလျို တွေစေလွှတ်ထားခဲ့ကြပြီး၊ သူတို့ရဲ့ နယ်မြေတွေကို နယ်နိမိတ် အလျော်အစားပြုလုပ်ကာ အခြားနိုင်ငံတွေနဲ့ ပဋိပက္ခဖြစ်မူကို ရှောင်ရှားခဲ့ကြသည်။
YOU ARE READING
အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)
Fantasyကောင်းကင်ဘုံနိုးထခြင်း ကမ္ဘာ