အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)
အပိုင်း ( ၅၉ )
Chapter 59 ယင်၊ယန် ကျောင်းတော်အခြားသူတွေ အားလုံးဟာ ဟင်းပွဲကို သိလိုစိတ်နဲ့ ကြည့်လိုက်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျောက်ဖူ ဘယ်လိုတောင် ခံစားလိုက်ရသလဲဆိုတာကို အားလုံးက သိချင်နေကြလို့ပါပဲ။ ဒီ မုန်လာဥဟင်းပွဲ ဟာ မယုံနိုင်စရာ ကောင်းလောက်အောင် အရသာရှိတဲ့ ပုံစံရှိနေပေမယ့် ကျောက်ဖူက ထွေးထုတ်ခဲ့လို့ပါ။
စားပွဲထိုးမတစ်ချို့ မုန်လာဥဟင်းပွဲကို သွားပြီး မြည်းကြည့်ကြသည်။ ပါးစပ်နဲ့ အပြည့် ဝါးလိုက်ကြပြီးတဲ့နောက်မှာတော့ သူတို့ ထွေးထုတ်လိုက်ကြပါပြီ။ ဟူချင်း ကတော့ သေချင်သွားခဲ့ပြီ။ သူက အတော်လေးအဆင်မပြေဖြစ်နေတယ်လို့ ခံစားလိုက်ရပြီး၊ သက်ပြင်းသာ ချခဲ့လိုက်သည်။
အဲ့ဒီ့နောက် ကျောက်ဖူ အခြားဟင်းပွဲတွေကိုမြည်းစမ်းကြည့်ခဲ့သည်။ သူတို့ အများစုဟာ အတော်လေး ကောင်းနေခဲ့သည်။ သူ မြည်းကြည့်ခဲ့တဲ့ နောက်ဆုံးပန်းကန်ကလည်း မုန်လာဥဟင်းပွဲပါပဲ။ ဟန်ချင်းရဲ့ဟင်းပွဲနဲ့ တော်တော်လေးဆင်တူနေပြီး၊ ကောင်းကောင်းမွန်မွန်ပြင်ဆင်ထားခဲ့သည်။ ဆိုးဝါးတဲ့ အတွေ့အကြုံကို ရရှိပြီးတဲ့နောက် ကျောက်ဖူ အတော်လေး သတိထားတတ်နေခဲ့ပါပြီ။ ဒါပေမယ့် သူက မျှတမူ ရှိအောင်တော့ မြည်းကြည့်ခဲ့လိုက်သည်။
ကျောက်ဖူ ချက်ခြင်းပဲ မြည်းကြည့်လိုက်တဲ့ အခါမှာတော့ သာမန်လူတစ်ယောက်လုပ်ထားတာ မဖြစ်နိုင်တဲ့ အနံ့တစ်ခု ထွက်ပေါ်လာခဲ့သည်။ မုန်လာဥတွေဟာ ချိုမြိန်ပြီး၊ အရည်ရွှမ်းကာ အရသာဟာ ကြည်လင်ပြတ်သားပြီး၊နူးညံ့သိမ်မွေ့မှုတွေပြည့်နှက်နေခဲ့သည်။ ငရုတ်ကောင်းနံ့နဲ့ သံပရာနံ့တွေ မပါသလောက်ပါဘဲ။ တစ်ဖက် ဝါးပြီးတဲ့နောက်မှာတော့ ကျောက်ဖူဟာ နောက်တစ်ဖက် ချက်ခြင်းစားချင်လာခဲ့သည်။
“ ဒါကို ဘယ်သူချက်တာလဲ”
ကျောက်ဖူ စားဖိုမှူးတွေဆီကို တည့်တည့်ပဲ ကြည့်လိုက်ပြီး မေးခဲ့လိုက်သည်။
အဲ့ဒီ့အချိန်မှာတော့ ဟောင်းနွမ်းနေတဲ့ စကပ်ရှည်ရှည် ၀တ်ထားတဲ့ အရပ်ရှည်ပြီး၊ ပိန်လှလှ အမျိုးသမီးငယ်တစ်ယောက် ထွက်လာခဲ့သည်။ သူမရဲ့မျက်နှာကို ဘယ်သူမှမမြင်ရပေမဲ့ သူမဟာတကယ်ကို လှပတယ် ဆိုတာတော့ လူတိုင်းသိလိုက်ကြသည်။
YOU ARE READING
အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)
Fantasyကောင်းကင်ဘုံနိုးထခြင်း ကမ္ဘာ