အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)
အပိုင်း ( ၂၀ )
Chapter 20 သံသတ္တုမိုင်းဘိုင်ချီနှင့် လိစီတို့က ကျောက်ဖူရဲ့ဆင့်ခေါ်သံကို ကြားတဲ့အခါ သူတို့ မျက်နှာတွေက ထူးဆန်း သွားခဲ့ကြပြီး၊ မေးမြန်းလိုက်ကြသည်။
“ ဘုရင်မင်းမြတ် ဘာများဖြစ်လို့ပါလဲ။"
ကျေက်ဖူ မျက်မှောက်ကြုတ်သွားခဲ့ကာ မေးလိုက်သည်။
"ငါ့အခန်းထဲမှာ ဘာတွေ ဖြစ်နေတာလဲ"
လီစီ ချက်ချင်းပဲ နားလည်သဘောပေါက်သွားခဲ့သည်။ အဲ့ဒီနောက် ပြုံးသွားခဲ့ကာ ရိုသေလေးစားတဲ့ အမူအရာနှင့် လက်နှစ်ဖက်ကို ဆုပ်ကိုင်ပြီး၊ ပြောလိုက်သည်။
“ ဘုရင်မင်းမြတ်အနေနဲ့ မကြာမီ အမွေဆက်ခံသူ ရတော့မယ်လို့ ကျွန်တော်မျိုးတို့ မျှော်လင့်ထားတာပါ”
ကျောက်ဖူ အတွက် ဒီစကားက ခေါင်းကျိန်းသွားစေခဲ့သည်။ အဲ့ဒီနောက် သူက ပြန်မေးလိုက်သည်။
"ဒီစကားရဲ့အဓိပ္ပာယ်ကဘာလဲ"
လိစီ ပြန်ဖြေလိုက်သည်။
“ ဘုရင်မင်းမြတ်၊ သခင်မ လုမိုင် ဟာအသွင်အပြင်ကောင်းတွေရှိပြီး၊ အရှင်မင်းမြတ်က သူမကို စိတ်ဝင်စားတဲ့အတွက် ကျွန်တော်တို့အားလုံး ၀မ်းသာမိပါတယ်။ ဘုရင်မင်းမြတ်အနေနဲ့ မိဖုရားရမှာဖြစ်ပြီး၊ အခြားတစ်ဖက်မှာလည်း ကျွန်တော်တို့က အရိုင်းဝံပုလွေ ကျေးရွာရဲ့သစ္စာရှိမှု ကို မြန်မြန်ရနိုင်ပါလိမ့်မယ်။ ဒီကိစ္စက ပြီးပြည့်စုံပါတယ်။"
ကျောက်ဖူ ခါးသက်သက်နဲ့ ရယ်မောလိုက်ပြီး၊ ပြန်မေးလိုက်သည်။
“ ငါ သူမကို စိတ်ဝင်စားတယ်ဆိုတာ မင်းတို့ ဘယ်လိုလုပ်သိတာလဲ။”
လိစီ ကျောက်ဖူကို ထူးဆန်းစွာနဲ့ ကြည့်လိုက်ပြီး၊ ပြောလိုက်သည်။
“ ဘိုင်ချီက ကျွန်တော်မျိုးကို ပြောခဲ့တာပါ။”
ဒီစကားကို ကြားတဲ့အခါမှာတော့ ဘိုင်ချီ မျက်နှာပျက်သွားခဲ့ပါပြီ။ သူက ကျောက်ဖူရဲ့ရည်ရွယ်ချက်ကို နားလည်မှု လွဲနေခဲ့တာပါ။ သူက ချက်ချင်းပဲ တောင်းပန်လိုက်ပေမယ့် ကျောက်ဖူ ငြင်းပယ်လိုက်ခဲ့သည်။ ဒီကိစ္စလေးအတွက်နဲ့တော့ သူက ဘယ်လိုလုပ် အပြစ်တင်နိုင်ပါ့မလဲ။ ဒီလိုအခြေအနေမှာပဲ သူက ပြောလိုက်သည်။
YOU ARE READING
အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)
Fantasyကောင်းကင်ဘုံနိုးထခြင်း ကမ္ဘာ