အပိုင်း (၁၈၂)

200 21 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း  ( ၁၈၂ )
Chapter 182        သွေးသောက်ရဲဘက်

  ဒီအချိန်မှာဝောာ့ ဒီအမည်မသိသောနေရာမှာရောက်နေတာကြောင့် ကျောက်ဖူ  နောင်မှာ ရရှိမယ့် အောင်မြင်မှုအများစုကို ဘိုင်ချီထံ လွှဲပြောင်းပေးခဲ့သည်။ ဒါက ကျောက်ဖူ အသက်ရှင်နေသေးကြောင်း ရိုးရှင်းတဲ့ အသိပေးချက်တစ်ခုပါပဲ။ 

ဒီအခြေအနေကြောင့် မဂာ ချင်ရဲ့ ထိပ်တန်းပုဂ္ဂိုလ်အားလုံး စိတ်သက်သာရာ ရသွားခဲ့ပြီး၊ သက်ပြင်းချ လိုက္ကြသည်။ တစ်ချိန်တည်းမှာပဲ ကျောက်ဖူဟာ မဟာ ချင်ရဲ့ အရှင်သခင်ဖြစ်ပြီး၊ လုံခြုံမှု့ ရှိ‌နေတာကြောင့် သူတို့အားလုံး ပျော်ရွှင်သွားခဲ့ကြသည်။ သူက မဟာ ချင်ရဲ့ အဓိကပုဂ္ဂိုလ်ပဲ မဟုတ်ပါလား။

မကြာခင်မှာပဲ မဟာ ချင်ရဲ့ ထိန်းတန်းပုဂ္ဂိုလ်တွေဟာ စုဝေးပြီး၊ ဒီကိစ္စကို ဆွေးနွေးခဲ့ကြသည်။ ကျောက်ဖူ သူ့ရဲ့ အဓိကရည်မှန်းချက်ကိုယခုအချိန်မှာ ဆက်လက်အကောင်အထည်ဖော်ရန်အတွက် အောင်မြင်မှုရမှတ်အများစုကို ဘိုင်ချီထံ လွှဲပြောင်းပေးခဲ့သည်ကို သူတို့နားလည်ကြသည်။ ဒီအချိန်မှာ ဘိုင်ချီဟာ မြောက်ဖက်ပိုင်းဒေသများကို သွားရောက်ဖို့ တယ်လီပို့ လမ်းကြောင်းတွေကို စဉ်ဆက္မပြတ် ဖွင့်လှစ်‌နေခဲ့ပြီး၊ မြောက်ဖက်ပိုင်းရှိ ဒေသခြောက်ခုဆီကို သွားရာ လမ်းကြောင်းတွေ ထိန်းသိမ်းထားပြီးဖြစ်သည်။ အခုဆိုရင် သူတို့က ဗီယက်နမ်ပိုင်နယ်မြေကို ရောက်ဖို့ ဒေသတစ်ခုလောက်ပဲ ကြားမှာ ရှိပါတော့တယ်။

ဘိုင်ချီရဲ့ လက်ရှိအဆင့်အတန်းက နိမ့်နေတာကြောင့် သူ့အနေနဲ့ ပိုင်ဆိုင်မှု နေရာတွေ ဝယ်ခြင်းသို့မဟုတ် စားသောက်ဆိုင် ဖွင့်လှစ်ခြင်း‌ေတွ မလုပ်နိုင်ခဲ့ပါဘူး။ ဒါပေမယ့် ကုန်သည်များ မဟာမိတ်အဖွဲ့ အနေနဲ့ ဒီဒေသတစ်ခုစီကို ဝင်ရောက်နိုင်ခဲ့တာကြောင့် မဟာ ချင်အတွက် အမြတ်အစွန်း များစွာရရှိ‌ေစခဲ့သည်။

ကံမကောင်းစွာပဲ၊ ဒီအမြတ်အစွန်း အများစုဟာ စစ်ပွဲအတွက် ဆေးဖက်ဝင်ဆေးပြားများ၊ ကျွမ်းကျင်မှုစွမ်းရည်စ‌ေကးများနှင့် အခြားဝယ်ခြမ်းစရာကိစ္စတွေအတွက် သုံးစွဲခဲ့ရသည်။  ဒီအရာအားလုံးအတွက် ငွေကြေးမြောက္များစွာ လိုအပ်တာပဲ မဟုတ်ပါလား။

အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)Where stories live. Discover now