အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)
အပိုင်း ( ၁၇၅ )
Chapter 175 ရှေးခတ် စွမ်းအားပါဝါဒေါသထွက်နေတဲ့ မိုင်နိုတောက သတ်ချင်ဖြတ်ချင်စိတ်အပြည့်နဲ့ တိုးဝင်လာခဲ့တာကြောင့် နံရံ အနည်းငယ်ဟာ ပြိုကျသွားခဲ့ပါတယ်။ လေထဲမှာတော့ ဖုန်မှုန့်၊ သဲမှုန့်တွေ ပြည့်နှက်နေခဲ့ပြီး၊ သူ့ရဲ့ သွေးနီရောင် မျက်လုံးတွေနဲ့ ဂေါ်ဗလင်ကို လိုက်လံ ရှာဖွေနေခဲ့ပါတယ်။
ဒါပေမယ့် ခဏလောက် ရှာဖွေအပြီးမှာတော့ ဂေါ်ဗလင် ပျောက်သွားတာကို သိလိုက်ရပြီး၊ ပို ဒေါသထွက်လာခဲ့ပါပြီ။ သူ ဒေါသကို လျော့ချတော့မယ့်အချိန်မှာပဲ ဂေါ်ဗလင်က အဝေးတစ်နေရာကနေ ပြန်ထွက်ပေါ်လာပြီး၊ ရန်စလိုက်ပြန်ပါတယ်။ ဒါကြောင့် မိုင်နိုတောက အော်ဟစ်လိုက်ပြီး၊ ဂေါ်ဗလင်ကို အမှုန့်ချေမယ်လို့ ကြုံးဝါးကာ နောက်တစ်ကြိမ် ပြေးဝင်သွားခဲ့ပြန်ပါတယ်။
နောက်ဆုံးတစ်ခေါက်ကလိုပဲ မိုင်နိုတော အပြေးလာပြီးနောက္မှာတော့ ဂေါ်ဗလင်က ထပ်မံပျောက်ကွယ်သွားခဲ့ပြန်ကာ အဝေးတစ်နေရာကနေ ရန်စ ပြန်ခဲ့ပါတယ်။ တကယ်လို့ ဒီနေရာမှာသာ ဆင်ခြင်တုံတရားရှိသူတစ်ယောက် ဆိုပါက ဒီအခြေအနေကို တွေ့မြင်လိုက်မယ်ဆိုရင်ေတာ့ အဲ့ဒီ့သူအနေနဲ့ တစ်ခုခုက လစ်ဟာ သွားပြီဆိုတာကို သိနိုင်မှာပါ။
ဒါပေမယ့် မိုင်နိုတောရဲ့ ကျိုးကြောင်း ဆင်ခြင်နိုင်စွမ်းက လုံးဝ ပျောက်ကွယ်နေခဲ့ပြီး၊ ဒီအခြေအနေက အတော်လေး သံသယ ဖြစ်စရာေကာင်းေနတယ် ဆိုတဲ့အချက်ကို ထည့် မစဉ်းစားနိုင်ခဲ့ပါဘူး။ ဒီအချိန်မှာ သူ့အနေနဲ့ ဂေါ်ဗလင်ကို တစ်စဆီ လုပ်ချင်နေတာပဲ သိပါတော့တယ်။ ဒါပေမယ့် အဲ့ဒီ့ ဂေါ်ဗလင်က အချိန်တိုင်း လွတ်မြောက် နေခဲ့ပါတယ်။
ဘန်း
မိုင်နိုတော နံရံတစ်ခုကို လက်သီးတစ်ချက်နဲ့ ထိုးချလိုက်ပါတယ်။ အုတ်ခဲတွေက နေရာအနှံ့ကို လွင့်ပျံသွားခဲ့ပြီး၊ ကြောက္မက္ဖွယ်ကောင်းတဲ့ အရှိန်အဝါ ထွက်ပေါ်နေခဲ့ပါတယ်။
အဝေးတစ်နေရာမှာတော့ ကျောက်ဖူ ချုပ်ကိုင်ထားတဲ့ ဂေါ်ဗလင်က ဒီအဖြစ်အပျက်ကို မြင်သွားခဲ့ပြီး၊ မျက်နှာပျက်သွားခဲ့ပါတယ်။တကယ်လို့ သူ့အနေနဲ့ အဲ့နေရာမှာသာ ထိုးနှက် ခံလိုက်ရပါက တစ်စဆီဖြစ်သွားခဲ့မှာပါ။ သူ့ခန္ဓာကိုယ်က တုန်ရင်သွားခဲ့ပြီး၊ အရိပ်ထဲမှာပုန်းအောင်းနေတဲ့ ကျောက်ဖူကို လှည့်ပြောလိုက်ပါတယ်။
" အရှင်၊ ကျွန်တော့်ကို သေချာကာကွယ်ဖို့ လိုနေပြီ။ ကျွန်တော်ရဲ့သေးငယ်တဲ့ဘ၀က အရှင့်ရဲ့ လက်ထဲမှာ ရောက်နေပါပြီ။"
YOU ARE READING
အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)
Fantasyကောင်းကင်ဘုံနိုးထခြင်း ကမ္ဘာ