အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)
အပိုင်း ( ၁၉၇ )
Chapter 197 နှိမ်နင်းနိုင်တဲ့ ပစ္စည်းကိရိယာနောက်တစ်နေ့နံနက် အစောပိုင်းမှာတော့ နေထွက်လာခဲ့ပြီး၊ ငှက်ကလေးတွေက လေထဲမှာ ဝဲပျံ အော်မြည်နေခဲ့ကြပါပြီ။ နေ့သစ်တစ်ခုကို ရောက်ရိှလို့လာခဲ့ပါပြီ။
အခန်းထဲမှာတော့ ကျောက်ဖူ သူ့အိပ်ရာပေါ်မှာပဲ ခြေချိတ်ထိုင်နေခဲ့ပြီး၊ သူ့ရဲ့မျက်နှာကတော့ မယုံနိုင်လောက်အောင် ဖြူဖျော့ဖျော့ဖြစ်နေခဲ့ပါတယ်။ သူ့ရဲ့ကိုယ်ခန္ဓာက ချွေးတွေနဲ့ ဖုံးလွှမ်းေနခဲ့ပြီး၊ မကြာခင်မှာပဲ ပင်ပန်းနွမ်းနယ်လွန်းတာကြောင့် အိပ်ယာပေါ် လဲကျသွားခဲ့ပါတယ်။
နောက်ဆုံးမှာတော့ သူ့ရဲ့ ဘုရင့်စည်းတံဆိပ်တော်ကို ဖွဲ့စည်းနိုင်ခဲ့ပါပြီ။ ဒါကြောင့် သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ အခြေအနေတွေက အတော်လေး အားနည်းဆိုးရွားသွားခဲ့တာပါ။ ဒါပေမယ့် သူ့ရဲ့ ဘုရင့်စည်းတံဆိပ်ေတာ်ကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ခဲ့တာကြောင့် ဒါက ထိုက်တန်ပါတယ်။
ခဏအနားယူပြီးေနာက် သူ့ရဲ့ ခွန်အားကိုပြန်လည်ရရှိခဲ့ပါတယ်။ အဲ့ဒီနောက် ကျောက်ဖူ ဂီနီယာ၊တုဘချင်းနဲ့ ရှလေးကို သူနဲ့ လာတွေ့ဖို့ ဆင့်ခေါ်လိုက်ပါတယ်။
မကြာခင်မှာပဲ အဲဒီလူသုံးယောက်ဟာ သူ့ရဲ့ အခန်းထဲကို ရောက်ရိှလာခဲ့ကြပါတယ်။ သူတို့က သူ့ဆီကို လျှောက်လာခဲ့ကြပြီး၊ ကျောက်ဖူ သူတို့ကို ဘာကြောင့် ဒီလိုခေါ်တယ်ဆိုတာကို သိချင်ေနကြပါတယ်။
ကျောက်ဖူ သူတို့ကို ဘုရင့်အစောင့်တပ်ဖွဲ့ အလုပ်အကိုင် အကြောင်းကို ရှင်းပြလိုက်ပါတယ်။ သူတို့တွေနားထောင်ပြီးနောက် သူတို့ရဲ့ အမူအရာတွေဟာ အတော်လေး ထူးခြားသွားခဲ့ပါတယ်။
ဂီနီယာရဲ့ အမူအရာတွေက အတော်လေး လေးနက်သွားခဲ့ပြီး၊ ဂုဏ်သိက္ခာရှိပုံေပါက်ေနခဲ့ပါတယ်။ ကျောက်ဖူ ဒီအကြောင်းအရာကို ရှင်းပြေနခဲ့တဲ့ အချိန်တစ်ခုလုံး သူကိုယ်သူအသင့်ပြင်နေခဲ့ပါတယ်။
YOU ARE READING
အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)
Fantasyကောင်းကင်ဘုံနိုးထခြင်း ကမ္ဘာ