အပိုင်း (၃၂)

295 34 1
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း ( ၃၂ )
Chapter 32       ကောင်းကင်နှင့်မြေပြင် သန့်စင်ခြင်းဝင်္ကပါ

အရိုးစုမြင်းစီးသူရဲလေးယောက်ဟာ သူတို့ရဲ့ ကြီးမားတဲ့ အရိုးစုမြင်းတွေကို စီးနင်းလာခဲ့ပြီး၊ သူတို့နောက်မှာတော့ အရိုးစုခြေလျင်စစ်သည်တွေ လိုက်ပါလာခဲ့ကြသည်။

အရိုးစုတွေက ကျောက်ဖူတို့ဆီကို ပြေးဝင်လာခဲ့ကြပြီဖြစ်ပေမယ့် သူတို့တွေကတော့ မလှုပ်ရှားခဲ့ကြပါဘူး။ အဲ့ဒီအစား သူက ကြေးအမိန့်ပေး တံဆိပ်ပြား ကို ကိုင်မြှောက်လိုက်တဲ့အခါမှာတော့  မီးခိုးရောင်အလင်းတန်းလေးခုသည် အရိုးစု မြင်းစီးသရဲ လေးယောက်ရဲ့ ဦးခေါင်းတွေဆီကို ပြေးဝင်သွားခဲ့ကြသည်။ အဲ့ဒီနောက် အရိုးစုမြင်းစီးသူရဲတွေသည်  ရပ်တန့်သွားခဲ့ကြပါပြီ။ သူတို့ရဲ့ခေါင်းပေါ်မှာရှိနေတဲ့ အပြာရောင် မီးတောက်တွေသည် ရုတ်တရက် တုန်ခါသွားပြီးနောက် အခြားအရိုးစုစစ်သည်တွေ ကို စတင်တိုက်ခိုက်ခဲ့ကြသည်။

ကျန်တဲ့အရိုးစုစစ်သည်တွေသည် အတော်လေး စိတ်ရှုပ်ထွေးသွားပုံရနေခဲ့သည်။ လွန်ခဲ့တဲ့စက္ကန့်ပိုင်းလောက်က သူတို့လူတွေက ဘာကြောင့်ဒီလို ရုတ်တရက်ကြီး ရန်သူတွေဖြစ်သွားတာလဲဆိုတာကိုနားမလည်ခဲ့ကြပါဘူး။ သိပ်မကြာလိုက်ခင်မှာပဲ ကျောက်ဖူရဲ့ စစ်သည်တွေက ကျန်နေတဲ့ အရိုးစုစစ်သည်အားလုံးကို ရှင်းလင်းခဲ့လိုက်ကြသည်။

အဲ့ဒီနောက် သူတို့ဟာ အရိုးစု စစ်သည်အဖွဲ့ သုံးဖွဲ့နဲ့ ထပ်မံကြုံတွေ့ခဲ့ရသည်။ ကျောက်ဖူ အရိုးစုမြင်းစီးသူရဲ ၁၀ ယောက်ကို သူရဲ့ အမိန့်ပေးတံဆိပ်ပြားထဲမှာ ထည့်သွင်းလိုက်နိုင်ခဲ့သည်။ အဲ့ဒီနောက် ကျောက်ဖူတို့အဖွဲ့သည် ပြန်ဖို့ ပြင်ဆင်နေကြတုန်းမှာပဲ ရုတ်တရက်ဆိုသလို ဒီမြေအောက်လမ်းကြောင်းထဲတွင် အလင်းရောင်တစ်ခုကို တွေ့ရှိလိုက်ခဲ့ကြသည်။

ကျောက်ဖူ သူရဲ့သိချင်စိတ်ကို မထိန်းနိုင်တော့ပါဘူး။ အဲ့ဒီနောက် သူ့လူတွေကိုခေါ်ပြီး၊ ရှေ့ကိုဆက်လျှောက်လာခဲ့ကြသည်။ အဲ့ဒီလမ်းကြောင်းက ပိုလင်းပြီး၊ ပိုတောက်ပတဲ့ အရောင်တွေ ထွက်ပေါ်လာနေခဲ့သည်။ အဲ့ဒီနောက် အလင်းရောင်တွေသည် ဖြည်းဖြည်းခြင်း မှေးမှိန်လာခဲ့ပြီး၊ နောက်ဆုံးမှာတော့ အလင်းစက်တစ်စက်လောက် ဖြစ်သွားခဲ့ကာ ပျောက်ကွယ်သွားခဲ့သည်။ သူတို့ အားလုံးရဲ့ မျက်လုံးတွေထဲမှာ မှောင်မိုက်သွားခဲ့ပြီး၊တစ်စုံတစ်ခုက ကာထားသလို ထင်မြင်လိုက်ကြရသည်။ ဒီလမ်းကြောင်းရဲ့ အဆုံးကို ရောက်တဲ့အခါမှာတော့ သူတို့ဟာ အလွန်ကြီးမားတဲ့ နေရာလွတ် မြေကွက်လပ်တစ်ခုကို တွေ့လိုက်ကြရသည်။

အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)Where stories live. Discover now