အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)
အပိုင်း ( ၁၆ ) လူမျိုးနွယ်စုကျေးရွာ
“ ဘုရင်မင်းမြတ်၊ ကျွန်တော်တို့ တိရိစ္ဆာန်ယဥ်ပါးခြင်းကို သုတေသနပြုတာ အောင်မြင်သွားပါပြီ။"
ကျောက်ဖူ အမိန့်တစ်ချို့ကို ထပ်ပေးလိုက်ပြီးနောက် ဘိုင်ရှန်းမျက်နှာပေါ်မှာ အပြုံးတွေဖြင့် ပြန်ထွက်သွားခဲ့သည်။
ကျောက်ဖူ ဒီအကြောင်းကိုကြားပြီးနောက် အတော်လေး ဝမ်းသာသွားခဲ့သည်။ ဒီလောက် ကြာမြင့်စွာစောင့်ဆိုင်းပြီးတဲ့နောက်မှာတော့ သုတေသနအလုပ်ရုံကနေ ရလဒ်အချို့ရလာခဲ့ပါပြီ။ အဲ့ဒီနောက် သူ ခေါင်းကိုအသာညိတ်လိုက်ကာ သုတေသနအလုပ်ရုံကို ထွက်လာခဲ့သည်။ အဲ့ဒီနေရာမှာ သူက ပညာရှင်အနည်းငယ်နှင့် အလုပ်အကိုင်ပြောင်းလဲတဲ့ ကျောက်တိုင်အသစ်တစ်ခုကို တွေ့လိုက်ရသည်။
ကျောက်ဖူ ရောက်လာတာကို တွေ့တဲ့အခါမှာတော့ ပညာရှင်တွေဟာ ရိုသေလေးစားမူ အပြည့်ဖြင့် ဘေးတစ်ဖက်ကို ဆုတ်ကာ လမ်းကို ဖယ်ရှားပေးလိုက်ကြသည်။ ကျောက်ဖူ လမ်းလျှောက်ဝင်သွားခဲ့ပြီးနောက် ကျောက်တိုင်ကို သူ့လက်နဲ့ ထိတွေလိုက်သည်။ အဲ့ဒီနောက် သတင်းအချက်အလက်အချို့က သူ့စိတ်ထဲကို ဝင်ရောက်လာခဲ့သည်။
[တိရိစ္ဆာန်ယှဉ်ပါးသူ]: F + စစ်ရေးအလုပ်အကိုင်။
ဖော်ပြချက် အခြေအနေ- တောရိုင်းတိရိစ္ဆာန်တွေကို ယဉ်ပါးအောင် လုပ်နိုင်စွမ်းကို ရရှိသည်။ အကျိုးသက်ရောက်မှု - [တိရိစ္ဆာန်ယှဉ်ပါးခြင်း] ကျွမ်းကျင်မှု စွမ်းရည်စကေးကိုရရှိသည်။ဒီအချက်ကိုကြည့်ပြီးနောက် ကျောက်ဖူ ရွာသားနှစ်ဦးရဲ့အလုပ်အကိုင်တွေကို တိရိစ္ဆာန်ယှဉ်ပါးသူအဖြစ် ပြောင်းလဲခဲ့ပြီးနောက် တောရိုင်းတိရိစ္ဆာန်ဘဲတွေနှင့် ငန်းတွေကို ဖမ်းယူဖို့အတွက် သူ့လူတွေကိုအမိန့်ပေးခဲ့လိုက်သည်။
အခုအချိန်မှာတော့ မဟာ ချင် ကျေးရွာမှာ လူတွေက အတော်လေး နည်းပါနေခဲ့သည်။ လုပ်စရာတွေ အများကြီးလည်း ရှိနေတာကြောင့် သူတို့တွေဟာ လူဦးရေနည်းပါးတာကို အစားထိုးဖို့အတွက် ဂေါ်ဗလင် အများအပြားကို အသုံးပြုနေခဲ့ရသည်။ ကြီးမားတဲ့ အက်ကွဲကြောင်းကြီး အတွက်ကတော့ သူတို့အနေနဲ့ လှေကားထစ်တွေ ဆောက်လုပ်တာ မပြီးမခြင်း နောက်တစ်ခေါက် မဝင်ရောက်သေးပါဘူး။
YOU ARE READING
အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)
Fantasyကောင်းကင်ဘုံနိုးထခြင်း ကမ္ဘာ