အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)
အပိုင်း ( ၁၀၄ )
Chapter 104 ပရလောက နတ်ဆိုးဒီတကြိမ်မှာတော့ သစ်ပင်ကြီးတွေက မတိုက်ခိုက်ခဲ့ေတာ့ပါဘူး။ ဒါကြောင့် ကျောက်ဖူ စိတ်သက်သာရာရသွားပြီး၊ အသက်ပြင်းပြင်းတစ်ချက် ရှုထုတ်လိုက်ပါတယ်။ သစ်တောက အတော်လေး ကြီးပါတယ်၊ ဒါကြောင့် သူဟာ တစ်ချိန်လုံး ကိုယ်ဖျောက်ဖို့က မဖြစ်နိုင်ပါဘူး။သူ့အနေနဲ့ အနားတောင် မယူနိုင်ခဲ့ပါဘူး။ အနားယူလိုက်တာနဲ့ သစ်ပင်ကြီးတွေက စ တိုက်ခိုက်တော့တာပါပဲ။ ကိုယ်ဖျောက်ခြင်း စွမ်းရည်စေကးကို သုံးဖို့က အာရုံစူးစိုက္မှု များစွာ လိုအပ်တာကြောင့် ဒီအရာဟာ သူ့အတွက် အတော်လေးခက်ခဲ စေခဲ့ပါတယ်။
ဒါပေမယ့် ကျောက်ဖူအနေနဲ့ အဆင့်မြင့်လာချင်ရင်တော့ ဒီအရာက မရှိမဖြစ်လိုအပ်တဲ့ အရာပါပဲ။ ကျောက်ဖူ ဂရုတစိုက်နဲ့ ရှေ့ကို ဆက်ထွက်လာခဲ့ပါတယ်။ သူစိတ်ထဲမှာတော့ သတိမပြတ်ထားနေခဲ့ပါပြီ။ မကြာခင်မှာပဲ *မွန်းစတား တစ်ကောင်ရဲ့ခေါင်းကို တွေ့လိုက်ရတာကြောင့် ကျောက်ဖူ ကြီးမားတဲ့ သစ်ပင်တစ်ပင်ရဲ့ နောက္ ကွယ်ကို အမြန် ပုန်းအောင်းလိုက်ပါတယ်။
ဒီ မွန်းစတားက လူနှင့်တူတဲ့ ခန္ဓာကိုယ်ရှိပြီး၊ ၂ မီတာေလာက် အရပ်ရှည်ကာ အသားအရေကတော့ အဖြူပါပဲ။ သူ့ရဲ့ လက်တွေက အတော်လေး ရှည်ပြီး၊ မြေပေါ်မှာ ဒရွတ်ဆွဲနေခဲ့ပါတယ်။သူတို့နောက်ကိုဆွဲနေသည့်အထိဖြစ်ခဲ့သည်။ ကြည့်ရတာ သူ့လက်တွေက လက်သည်းတွေလိုပါပဲ။ ဒီမွန်းစတားမှာတော့ မျက်နှာမရှိပဲ ကြီးမားတဲ့ နားရွက်တစ်စုံ ရှိနေခဲ့ပါတယ်။
ဒီမွန်းစတားကို မြင်လိုက်တဲ့ အချိန်မှာပဲ ကျောက်ဖူ သစ်ပင်ကြီးတစ်ပင်ရဲ့ နောက်ကွယ်ကို မြန်မြန်ဆန်ဆန်ပဲ ပုန်းခိုလိုက်တာပါ။ ကျောက်ဖူ ရှိနေတာကို မွန်းစတားက သတိမပြုမိခဲ့ဘဲ ခဏအကြာမှာတော့ ထွက်ခွာသွားခဲ့ပါတယ်။
အဲ့ဒီနောက် ကျောက်ဖူ ဆက်ထွက်လာခဲ့ပါတယ်။ ဒါပေမယ့် သိပ်မကြာခင်မှာပဲ သူ ယခင်ကတွေ့ခဲ့တဲ့ မွန်းစတားလို အခြား တစ်ကောင်ကို ထပ်တွေ့ခဲ့ပါတယ်။ ဒီမွန်းစတားမှာတော့ အရင်တစ်ကောင်လို ကြီးမားတဲ့ နားရွက်တစ်စုံ ရှိမနေခဲ့ပဲ၊ ကြီးမားတဲ့ မျက်လုံးတစ်လုံး ရှိနေခဲ့ပါတယ်။
YOU ARE READING
အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)
Fantasyကောင်းကင်ဘုံနိုးထခြင်း ကမ္ဘာ