အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)
အပိုင်း ( ၃၆ )
Chapter 36 အမဲလိုက်ခြင်းမဟာ ချင် ကျေးရွာသို့ ပြန်ရောက်လာခဲ့ပြီးနောက် ကျောက်ဖူ သူရဲ့ စူးစမ်းရှာဖွေရေးတပ်ဖွဲ့ကို ပြန်ဖွဲ့စည်းလိုက်ပြီး၊ လူသစ် ၅ ဦးကို ထပ်မံထည့်သွင်းခဲ့သည်။ အဲဒီလူသစ်တွေမှာ ယောက်ျားရော၊ မိန်းမပါ ပါဝင်နေခဲ့သည်။ သူတို့ရဲ့ညာဏ်ရည် စာရင်းအချက်အလက်တွေက အတော်လေး မြင့်မားနေခဲ့ကြသည်။ အခုဆိုရင်တော့ အဲ့ဒီတပ်ဖွဲ့မှာ စစ်သည် ၃၅ ယောက် ရှိနေခဲ့ပါပြီ။
ကျောက်ဖူက ဂေါ်ဗလင်တိုက်ခိုက်ရေးသမား (၁၀) ဦး နှင့်ခြေလျင်တပ်သား (၁၀) ဦး အား သန့်ရှင်းသောအလင်းနည်းစနစ်ကို ပထမဆုံး ပေးခဲ့လိုက်သည်။ သူတို့တွေက ရှေ့ဆုံးတန်းမှ နေရာယူ တိုက်ခိုက်ကြရတဲ့အတွက် သန့်ရှင်းသောအလင်းနည်းစနစ်ကို အသုံးပြုပြီး၊ ဒိုင်းနောက်ကွယ်မှာ နေထိုင်ရမှာဖြစ်တာကြောင့်ပါ။
လေးသမားတွေက များသောအားဖြင့် တိုက်ပွဲတွေနဲ့ အလှမ်းဝေးတဲ့နေရာတွေမှသာ တိုက်ခိုက်ကြတာကြောင့် ကျောက်ဖူ သူတို့တွေကို မည်သည့်စွမ်းရည်စကေးကိုမှ မပေးခဲ့ပါဘူး။ လေးသမားတွေသည် သန်စင်သောစစ်ဝိညာဉ်တွေကိုရရှိပြီးနောက် သူတို့ရဲ့ မြားပစ်စွမ်းရည်စကေးတွေသည် မယုံနိုင်လောက်အောင် ထက်မြက်တိကျနေခဲ့ပါပြီ။ အရိုးစုတွေသာ အဆင်သင့်မဖြစ်သေးခဲ့ရင်တော့ လေးသမားတွေအနေနဲ့ အချိန်ကာလတစ်ခုရတာနဲ့ သူတို့ရဲ့ဦးခေါင်းတွေကို ထိမှန်အောင်ပစ်ခတ်နိုင်နေပါပြီ။
လူသစ် ၅ ယောက်ကိုတော့ ကျောက်ဖူ သန့်ရှင်းသောအလင်း ကျည်ဆန်စွမ်းရည်စကေးကို ပေးခဲ့လိုက်သည်။
ဒီအချိန်မှာတော့ ဒီကျွမ်းကျင်မှုစကေးတွေရဲ့ထိရောက်မှုကို စမ်းသပ်ဖို့ အချိန်တန်နေခဲ့ပါပြီ။ အဲ့ဒီနောက် သူတို့တွေသည် ပိတ်မထားရသေးတဲ့ မြေအောက်လမ်းကြောင်းတစ်ခုထဲကို ဝင်လာခဲ့ပါပြီ။ ဒီအချိန်မှာတော့ အမှောင်ထုက တစ်ဖြည်းဖြည်း ကြီးစိုးလာခဲ့ပါပြီ။ သိပ်မကြာခင်မှာပဲ အရိုးစု ၁၀ ယောက်လောက် အသက်ပြန်ဝင်လာတာကို တွေ့လိုက်ကြရသည်။ ဒီအရိုးစုတွေက သူတို့ရဲ့လက်နက်တွေကို ကိုင်မြှောက်ကာ သူတို့ဆီကို ပြေးဝင်လာခဲ့သည်။
YOU ARE READING
အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)
Fantasyကောင်းကင်ဘုံနိုးထခြင်း ကမ္ဘာ