အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)
အပိုင်း ( ၁၄၆ )
Chapter 146 သွေး အဆင်တန်ဆာဝူလင်း လေဟာနယ် (ပျက်ပြယ်)အဆင်တန်ဆာ ကိုရွေးချယ်ခဲ့လိုက်ပါတယ်။ ဒီအရာက သူ့ကို လေဟာနယ် (ပျက်ပြယ်)စွမ်းအားပါဝါပေးခဲ့ပါတယ်။ ဒီလေဟာနယ် (ပျက်ပြယ်) စွမ်းအားပါဝါက တိုက်ခိုက္မှု အများစုကို ပယ်ဖျက်ပေးနိုင်ပြီးသူ့ကိုယ်ခန္ဓာကို ပျောက်ကွယ်သွားစေနိုင်ပြီး၊ အန္တရာယ်ရှိတဲ့ လုပ်ကြံသတ်ဖြတ်မှုတွေကို ပြုလုပ်နိုင်မှာပါ။
ဝူချင်း ရွေးချယ်ခဲ့တဲ့ အလင်း အဆင်တန်ဆာ ဝတ်စုံမှာတော့ အလင်း ဓါတ် စွမ်းရည်စကေးတွေပါဝင်နေပါတယ်။ ဒီအလင်းဓါတ် စွမ်းရည်စကေးတွေက လုပ်ကြံသတ်ဖြတ်သူတွေနဲ့ မသက်ဆိုင်ဘူးလို့ ထင်ရပေမယ့် အလင်းကွေခြင်း၊ အလင်းပြန်ခြင်း၊ အလင်းဖြန့်ကျက်ခြင်းတို့က တစ်စုံတစ်ယောက်ရဲ့လုပ်ကြံသတ်ဖြတ်တဲ့ စွမ်းရည်စေကးေတွကို အထောက်အကူပြုဖို့အတွက် အသုံးချနိုင်ပြီး၊ ဒီအလင်းစွမ်းရည်က ကုသဖို့အတွက်လည်း အသုံးဝင်ပါတယ်။
ရဲချောင်ချန် ကတော့ စိတ်ပိုင်းဆိုင်ရာ အမွေခံ ရရှိနိုင်တဲ့ ခြောက်လှန့်ခြင်း အဆင်တန်ဆာကို ရွေးချယ်ခဲ့က်တယ်။ ဒီအဆင်တန်ဆာက ရန်သူတွေ အပေါ်ကို နေ့ဘက္မှာ ကြောက္မက္ဖွယ်ကောင်းတဲ့ တိုက်ခိုက္မှု ပြုလုပ်နိုင်ပြီး၊ ညဘက်မှာတော့ အိပ်မပျော်နိုင်အောင် ခြောက်လှန့်ခြင်းစွမ်းရည်တွေ ရှိပါတယ်။ ဒီစွမ်းရည်က ရန်သူကို တဖြည်းဖြည်း ညှဉ်းပန်းနှိပ်စက်ပြီး၊ လုပ်ကြံသတ်ဖြတ်ဖို့ လွယ်ကူစေပါတယ်။
ကျောက်ဖူ တန်ဖိုးအထားဆုံးဖြစ်တဲ့ တုဘချင်းကတော့ သွေး အဆင်တန်ဆာကို ရွေးချယ်ခဲ့ပါတယ်။ ဒီအဆင်တန်ဆာက ပိုင်ရှင်ကို သွေးအမျိုးအစား စွမ်းအင်ေတွကို ပေးခဲ့ပါတယ်။ ဒါအရာက တစ်စုံတစ်ယောက်အနေနဲ့ သွေးထွက်နေတဲ့အခါ အဲ့ဒီ့သူရဲ့ သွေးကိုအသုံးပြုပြီး၊ ပြန်လည်ကောင်းမွန်လာစေဖို့နဲ့ သတ်ပစ်ဖို့ကို ပြုလုပ်နိုင်ပါတယ်။ အဲ့ဒီသူက သတ်လို့ မသေနိုင်တဲ့ အဆင့်တစ်ဝက် အခြေအနေဆိုရင်ေတာင် အလုပ်ဖြစ်ပါတယ်။ ဒီစွမ်းရည်က အတော်လေးထူးခြားတဲ့ စွမ်းအားပါဝါ ရှိပါတယ်။
YOU ARE READING
အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)
Fantasyကောင်းကင်ဘုံနိုးထခြင်း ကမ္ဘာ