အပိုင်း (၁၂)

377 41 1
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း ( ၁၂ )
Chapter 12     ကောင်းကင်ဘုံရဲ့ အဆင့်သတ်မှတ်ချက်

ကျောက်ဖူ အဲ့ဒီရွာကို ဝိုင်းရံဖို့အတွက် မဟာ ချင်ကျေးရွာမှ စစ်သည်တွေအပြင် လို့ဂ် ကျေးရွာရဲ့ ဂေါ်ဗလင်တွေကိုပါ ခေါ်ဆောင်လာခဲ့သည်။  ဒီဂေါ်ဗလင်ကျေးရွာမှာ ဂေါ်ဗလင်စစ်သည် ၇၀ ခန့်သာရှိပြီး၊ ကျန်တဲ့ ဂေါ်ဗလင်တွေက အမျိုးသမီးတွေ၊ သက်ကြီးရွယ်အိုတွေ ဒါမှမဟုတ် ကလေးတွေပဲ ဖြစ်သည်။

“ လို့ဂ်   မင်း အဲ့ဒီရွာကို သွားပြီး၊ သူတို့ကို လက်နက်ချဖို့ ဆွဲဆောင်လိုက်ပါ။ "

လို့ဂ် ကျေးရွာရဲ့ ဂေါ်ဗလင်တွေ ထည့်ပေါင်းလိုက်ခြင်းဖြင့် ကျောက်ဖူရဲ့တပ်ဖွဲ့အင်အားဟာ
အဲ့ဒီရွာရဲ့တပ်ဖွဲ့ထက် သာလွန်နေခဲ့သည်။ ထို့အပြင် သူမှာ အလုပ်အကိုင် အမျိုးမျိုးရှိခဲ့တာကြောင့် ဒီရွာကို သိမ်းယူဖို့က အတော်လေး လွယ်ကူနေမှာပါ။ ဒါပေမဲ့ သွေးထွက်သံယို မရှိဘဲအောင်နိုင်ခြင်းက ပိုကောင်းသည်။

“ ဟုတ်ကဲ့ပါ။ ဘုရင်မင်းမြတ်” 

အဖိုးကြီး လို့ဂ် က ချင်  ရွာသားတွေနည်းတူ တုံ့ပြန်ခဲ့ပြီး၊ ကျောက်ဖူကို ရိုသေပေးလိုက်ကာ ပြန်ပြောခဲ့သည်။ ထို့နောက် သူက လမ်းလျှောက်ထွက်သွားခဲ့ပြီး၊ အသံကျယ်လောင်စွာဖြင့် အော်ပြောလိုက်သည်။

“ မင်းတို့ကို ဝိုင်းထားလိုက်ပြီ။ မင်းတို့မှာ အခွင့်အရေးမရှိတော့ဘူး။ အခုချက်ခြင်းလက်နက်ချပါ။မလိုအပ်တဲ့ စတေးခံတာမျိုးတွေ မလုပ်ပါနဲ့။ "

သို့သော် အဖိုးကြီး လို့ဂ် စကားပြောပြီးသည်နှင့်ရွာအတွင်းမှာရှိနေတဲ့ ဂေါ်ဗလင်တွေရဲ့ ဒေါသတကြီးနဲ့ ဆူညံသံတွေထွက်ပေါ်လာခဲ့ပြီး၊ သူတို့က အဖိုးကြီး လို့ဂ် ကို ကျိန်ဆဲနေခဲ့ကြသည်။ သူတို့ဟာ  ကျောက်ဖူရဲ့လူတွေ မဟုတ်တာကြောင့်  ဘာသာစကားနားလည်မူ မရှိခဲ့ပါဘူး။ ဒါကြောင့် သူတို့ဘာပြောနေတာကို သူ နားမလည်နိုင်ခဲ့ပါဘူး။

ကျောက်ဖူ မျက်မှောင်ကြုတ်လိုက်ပြီး၊ အဖိုးကြီး လို့ဂ်ကို မေးမြန်းလိုက်သည်။

အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)Where stories live. Discover now