အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)
အပိုင်း ( ၁၅၇ )
Chapter 157 နတ်ဘုရား ကြားမှ စစ်ပွဲ"ရားး !!" ဒီအပြာရောင်ခြင်္သေ့ကြီးက ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ကာ ကြမ်းကြုတ်ပြီး၊ ရက်စက်တဲ့ အရှိန်အဝါတွေနဲ့ ပြေးဝင်သွားခဲ့တာပါ။ စက္ကန့်အနည်းငယ်အတွင်းမှာပဲ ကျောက်ဖူနဲ့ မီတာ ၁၀၀ အကွာကို ရောက်ရှိလာခဲ့ပါပြီ။
ကျောက်ဖူ အေးစက်တဲ့ ချောင်း တစ်ချက်ဟန့်လိုက်ပြီး၊ ကောင်းကင်နတ်ဆိုးဓါးကို မြှောက်လိုက်ပါတယ်။ သူ့ရဲ့ ဘုရင့်စွမ်းအားကို ဓါးထဲကို ထည့်သွင်းလိုက်ပြီး၊ အပြာရောင် ခြင်္သေ့ကိုညွှန်ပြလိုက်ပါတယ်။
ဒီအချိန်မှာတော့ ကြီးမားတဲ့ ဧရာမနတ်ဆိုးကြီးက ဓါးကနေ ထွက်လာခဲ့ပြီး၊ မကောင်းဆိုးဝါးဆန်ကာ သတ်ဖြတ်ခြင်း အရှိန်အဝါတွေကို ယူဆောင်ပြီး ထွက်လာခဲ့ပါေတာ့တယ်။ သူက တစ်ချက်ဟိန်းဟောက်လိုက်ပြီး၊ အပြာရောင် ခြင်္သေ့ဆီကို အလျင်အမြန်ပဲ တိုးဝင်သွားခဲ့ပါပြီ။
နတ်ဆိုးနဲ့ ခြင်္သေ့တို့ ထိပ်တိုက်ရင်ဆိုင်မိတော့မယ့် အချိန်မှာပဲ ရှီဂျင်းက အဖိုးတန် ဆေးလုံးကိုရုတ်တရက် မျိုချလိုက်တဲ့အခါမှာတော့ သူ့ရဲ့ အင်အားတွေဟာ အဆပေါင်းများစွာ တိုးမြှင့်လာခဲ့ပါတယ်။ မြို့တော် အရှင်သခင် တစ်ယောက်အနေနဲ့ ချမ်းသာကြွယ်ဝမှုများစွာရှိေနတာကြောင့် ဒီလိုပစ္စည်းက ရှိနေခဲ့တာပါ။ ဒီအဖိုးတန်ဆေးလုံးကို သောက်သုံးပြီးတဲ့နောက္မှာေတာ့ သူ့ခန္ဓာကိုယ်အရွယ်အစားဟာ နှစ်ဆလောက် ကြီးထွားလာခဲ့ပြီး၊ သူ့ရဲ့ ကြွက်သားတွေဟာလည်း တင်းမာ ဖောင်းကြွလာခဲ့ပါပြီ။ အဲ့ဒီ့နောက် သူကအရင်ကထက် ပိုပြီး အစွမ်းထက်တဲ့ အရှိန်အဝါေတွ ပေါက်ကွဲထွက်လာခဲ့ပါပြီ။
သူ့ခန္ဓာကိုယ်က ရုတ်တရက် မှုန်ဝါးသွားခဲ့ပြီး၊ နတ်ဆိုးနဲ့ ခြင်္သေ့တို့ ရင်ဆိုင်နေတဲ့ အခိုက်အတန့်မှာပဲ သူ ကျောက်ဖူ ဖက်ကို ချက်ချင်းပဲ သရဲတစ်ကောင်လို ရောက်ရှိသွားခဲ့ပါတယ်။ သူ့ရဲ့ အသွားတစ်ဖက် ဓါးရှည်ကြီးကို မြှောက်လိုက်တဲ့ အခါမှာတော့ တောက်ပထက္မြက်တဲ့ အလင်းတစ်ခု ထွက်ပေါ်လာခဲ့ကာ လေထဲကို မြင့်တက်လာခဲ့ပါတယ်။ ထိတ်လန့်တုန်လှုပ်စရာ ကောင်းတဲ့ မီတာ ၁၀၀၀ ရှည်တဲ့ ဓါးအရိပ်က ထွက်ေပါ်လာခဲ့ပြီး၊ ကောင်းကင်မှာ ရှိနေတဲ့ တိမ်တွေတောင် ပျောက်ကွယ်သွားအောင် ဓါးချီတွေက ဖုံးလွှမ်းသွားခဲ့ပါတယ်။
YOU ARE READING
အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)
Fantasyကောင်းကင်ဘုံနိုးထခြင်း ကမ္ဘာ