အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)
အပိုင်း ( ၉၅ )
Chapter 95 ပရလောက အိပ်မက္ဆိုးအဲ့ဒီ့နောက် ကျောက်ဖူ အခြားကိစ္စတွေကို ဆောင်ရွက်ဖို့ မဟာ ချင် ကျေးရွာကို ပြန်သွားခဲ့ပါတယ်။ ဒီနေ့ဟာ ပန်းတစ်သောင်း ပွဲတော်ရဲ့ငါးရက္မြောက်တဲ့နေ့ပါ။ သူ အရောင်းအ၀ယ် ပြုလုပ်ဖို့ အော့စ်မြို့တော်ကို ထပ်သွားခဲ့ပါတယ်။ ပန်းမျက်ရည်စက် ၁.၁ သန်းကို အော့စ်တွေဆီမှရခဲ့ပြီး၊ သူ့လူတွေက စုဆောင်းထားတဲ့ ပန်းမျက်ရည်စက် ၁၀၀,၀၀၀ ခန့်နဲ့ ပေါင်းကာ ကျောက်ဖူ ပစ္စည်းလဲလှယ်တဲ့ ကျောက်တုံးရှိတဲ့နေရာကို ယူသွားပြီး၊ ပန်းမျက်ရည်စက်ရမှတ်အဖြစ် ပြောင်းလဲခဲ့ပါတယ်။ အဲ့ဒီ့ရမှတ်တွေနဲ့ သူယခင်က ကြည့်ထားခဲ့တဲ့ ပစ္စည်းတွေကို လဲလှယ်မလို့ပါပဲ။
[ရာပေါင်းများစွာ မူလဆေးလုံး - ဆေးလုံး အညွှန်းစာရွက်] အဆင့် - အပြာရောင် (အဆင့် ၂)၊ လိုအပ်သောပါဝင်ပစ္စည်းများ - ရာပေါင်းများစွာမူလမြက်၊ ငါးခု ခြောက်သွေ့အမြစ်နဲ့ ဝက်ဝံလက်သည်းမြက်။
အကျိုးသက်ေရာက္မှုများ - ကျင့်ကြံမှု အမြန်နှုန်းကို ၄၀၀% တိုးနိုင်သည်။ရာပေါင်းများစွာမူလဆေးလုံး အညွှန်းစာရွက်ဟာ ပန်းမျက်ရည်ရမှတ် ၁၂သန်းတန်တဲ့အတွက် ကျောက်ဖူ သူ့မှာရှိတဲ့ ပန်းမျက်ရည်ရမှတ် အားလုံးကို သုံးစွဲခဲ့ရပါတယ်။ ဒီ ရာပေါင်းများစွာ မူလဆေးလုံးက အဆင့် ၂ ဆေးလုံးဖြစ်တာကြောင့် ၀ိညာဉ်ငယ် ဆေးလုံးတွေထက် နှစ်ဆေလာက် ပိုထိေရာက်တာေကြာင့် သူ ကုန်ရကျိုးနပ်တယ်လို့ ခံစားလိုက်ရပါတယ်။
တစ်ဆက်တည်းမှာပဲ ဆေးလုံးရဲ့ အဓိက ပါဝင်ပစ္စည်းဖြစ်တဲ့ ရာပေါင်းများစွာ မူလမြက်ဟာ အဆင့် ၂ ဆေးဖက်ဝင်မြက်ဖြစ်တာကြောင့် ဝိညာဉ်ငယ်မြက်ထက် ပို ရှာရခက်နိုင်ပါတယ်။
ကျောက်ဖူ ဒီနေ့လည်း ခရမ်းရောင် ပန်းမျက်ရည်စက် နှစ်ခုကို ထပ်ရရှိခဲ့တာကြောင့် စုစုပေါင်းငါးခုအထိ သူ့မှာ ရှိလာခဲ့ပါပြီ။ ပန်းတစ်သောင်းပွဲတော်ပြီးဖို့က ၂ ရက်သာလိုေတာ့တာေကြာင့် ကျောက်ဖူ ခရမ်းရောင် ပန်းမျက်ရည်စက်ေတွ လုံလောက်စွာမရေတာ့မှာကို စတင်စိုးရိမ်လာခဲ့ပါပြီ။
YOU ARE READING
အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)
Fantasyကောင်းကင်ဘုံနိုးထခြင်း ကမ္ဘာ