အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)
အပိုင်း ( ၉၈ )
Chapter 98 ရှေးေခတ်က ပျက်သုဉ်းသွားခဲ့သော အမျိုးအနွယ်များ(၁၁)ခုမြောက် ပစ္စည်းကိရိယာကိုတော့ ရောမအင်ပါယာရဲ့ အမွေခံ ဩဂတ်စ်ထပ် ဆီဇာ ဘုရင်ရဲ့ မျိုးဆက္မှ ရရှိသွားပါတယ်။ အဆင့် (၁၂) ပစ္စည်းကိရိယာကိုတော့ မဟာ ဟန်က ရရှိသွားခဲ့ပါတယ်။ (၁၃)ခုမြောက် ပစ္စည်းကိရိယာကိုတော့ ဖာရော အက်ခ်ဟနာတန် ရဲ့သားစဉ်မြေးဆက္မှ ရရှိသွားခဲ့သည်။
နောက်ထပ် အဆင့် (၁၄) မှ အဆင့် (၂၀) ထိ ပစ္စည်းကိရိယာခုနစ်ခုကို ဂိမ်းစနစ် အုပ်စုအဖွဲ့အစည်းေတွမှ ရရှိသွားခဲ့ပြီး၊ အဆင့်၂၁ ပစ္စည်းကိရိယာကို တော့ မဟာ တန် မှရရှိခဲ့သည်။
ဒီအချက်အလက်အားလုံးသည် ကျောက်ဖူကိုအတော်လေး အံ့အားသင့်စေပြီး၊ သူ့ကို ပိုစိတ်၀င်စားစေခဲ့သည်။ အဆင့် (၂၂) ပစ္စည်းကိရိယာကိုေတာ့ အိုဒနိုဘာနာဂ ရဲ့ သားစဥ်မြေးဆက်က ရရှိခဲ့သည်။ အဆင့် (၂၃) ပစ္စည်းကိရိယာကိုတော့ တယ်ဆာရစ် အင်ပါယာ မှ ရရှိခဲ့သည်။ အဆင့် (၂၄) ပစ္စည်းကိရိယာကိုတော့ ရှေးအိန္ဒိယမှ ရရှိသွားခဲ့ပါသည်။
ကျန်ရှိသော ပစ္စည်းကိရိယာတွေကို ဂိမ်းစနစ်ရဲ့ အုပ်စုအဖ္ဲ့အစည်းတွေက ရရှိသွားကြပါတယ်။ ကျောက်ဖူ ထိပ်ဆုံးအဆင့်ရှိ ပစ္စည်းကိရိယာ ဖြစ်တဲ့ ကောင်းကင်နတ်ဆိုးဓါးကို ဘယ်လောက်တောင် ပါတီ ရခဲ့တာလဲ ဆိုတာကို ဒီေလာက်ပြိုင်ဆိုင်မှု ပြင်းထန်တာကို ကြည့်လိုက်ရင် ရှင်းရှင်းလင်းလင်း သဘောပေါက်နိုင်ပါတယ်။
ဒါ့အပြင် ဒဏ္ဍာရီအဆင့် ပစ္စည်းကိရိယာေတွဟာ အင်အားကြီးမားလွန်းတာကြောင့် သူတို့ကို အင်အားကြီးမားမှု့ရဲ့ အမှတ်သင်္ကေတများအဖြစ် သတ်မှတ်ထားကြပါတယ်။ တစ်စုံတစ်ယောက်အနေနဲ့ ရွှေ အဆင့် ပစ္စည်းကိရိယာ ၁၀၀,၀၀၀ ရှိရင်တောင်မှ ဒဏ္ဍာရီ အဆင့် ပစ္စည်းကိရိယာ တစ်ခုထဲ ရှိတဲ့ သူရဲ့ စွမ်းအားမျိုးကို ယှဥနိုင်မှာ မဟုတ်ပါဘူး။ ဒဏ္ဍာရီ အဆင့် ပစ္စည်းကိရိယာတွေဟာ ဘယ်လောက် ရှားပါးတယ်ဆိုတာ ထင်ရှားနေခဲ့ပြီး၊ ဒီလိုပြောတာက ရွှေ အဆင့်ပစ္စည်းကိရိယာ တွေကို အဆင့်မြှင့်တင်လို့မရဘူးလို့ မယူဆစေချင်ပါဘူး။
YOU ARE READING
အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)
Fantasyကောင်းကင်ဘုံနိုးထခြင်း ကမ္ဘာ