အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)
အပိုင်း ( ၂၅ )
Chapter 25 သားရဲတွင်းနောက်ဆုံးမှာတော့ ကျောက်ဖူ မဟာ ချင် ကျေးရွာကို အဆင့်မြှင့်တင်နိုင်ခဲ့တာကြောင့် ဝမ်းသာသွားခဲ့သည်။ မဟာ ချင် ကျေးရွာသို့ပြန်လာပြီးခဲ့တဲ့အခါမှာတော့ သူက တန်လီနှင့် ချပ်ဝတ် ၃၆ ခုကို ဝမ်တဝူ ဆီ ပို့ဆောင်ခိုင်းလိုက်ပြီး၊ အဲ့ဒီချပ်ဝတ်တွေ အတွက် လိုအပ်တာတွေကို ပြင်ဆင်ဖို့ ပြောခဲ့လိုက်သည်။
အခုအချိန်မှာ ပန်းပဲအလုပ်ရုံ နှင့်အပ်ချုပ်ဆိုင်မှာလူတွေ အများကြီး လိုအပ်နေသေးသည်။ မြေအောက်အက်ကြောင်းကြီးမှ ရရှိခဲ့တဲ့ လက်နက်တွေကိုလည်း အခုအချိန်ထိ ပြန်လည်ပြုပြင်နိုင်ခြင်း မရှိသေးပါဘူး။ ယခုအခါမှာလည်း ဒီချပ်ဝတ်တွေကို ပြန်လည်ပြင်ဆင်ဖို့ လိုအပ်နေခဲ့သည်။ ဒါကြောင့် ကျောက်ဖူ က သူတို့ကို ကူညီဖို့အတွက် လူအများအပြားကို ထပ်ဖြည့်ပေးခဲ့သည်။
အဲ့ဒီ့နောက်မှာတော့ ကျောက်ဖူ ချင် ကျေးရွာရဲ့ အနောက်ဘက်တွင် ရက်စက်တဲ့ကျား ကျေးရွာကို ပြန်လည်တည်ထောင်ခဲ့ပြီး၊ အဲ့ဒီရွာကို စီမံခန့်ခွဲနိုင်ဖို့ အတွက် လူအနည်းငယ် စေလွှတ်လိုက်ခဲ့သည်။ အဲ့ဒီနောက် သူသည် မဟာ ချင် ကျေးရွာရဲ့ ကျေးရွာခန်းမကိုသွားလိုက်ပြီး၊ အချက်အလက်အသစ်တွေကို ကြည့်ခဲ့လိုက်သည်။
ကျေးရွာအမည်: မဟာ ချင် ကျေးရွာ (ဒဏ္ဍာရီ)
အဆင့် - အလယ်အလတ် (၂၄ / ၃၀,၀၀၀)
ကျေးရွာဧရိယာ: ၅ စတုရန်းကီလိုမီတာ။
ကျေးလက်ဒေသဧရိယာ: ၂၅၀ စတုရန်းကီလိုမီတာ။
နေထိုင်သူများ: ၄၆၅/၆၀၀၀
စစ်ရေး: ၂၁၆/၂၄၀၀
လူထုထောက်ခံမှု: ၈၀
ကျေးရွာအထူးအခြေအနေများ - နယ်မြေဒေသသီးနှံထွက်ရှိမှု +၄၀%၊ နယ်မြေသီးနှံကြီးထွားမူနှုန်း - ၄၀%၊ လူဦးရေ ကန့်သတ်ချက် + ၂၀%၊ အဆင့်အတန်းမြင့်နေထိုင်သူများအား ဆွဲဆောင်နိုင်မူ အခြေအနေ + ၃၀%
လက်အောက်ခံကျေးရွာကန့်သတ်ချက် - ၈
လက်အောက်ခံကျေးရွာများ - လို့ဂ် ကျေးရွာ၊ ဂျင်း ကျေးရွာ၊ ဒိုရန် ကျေးရွာ၊ လီ မိသားစုကျေးရွာ၊ အရိုင်း ဝံပုလွေ ကျေးရွာ၊ ရက်စက်တဲ့ကျားကျေးရွာ
YOU ARE READING
အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)
Fantasyကောင်းကင်ဘုံနိုးထခြင်း ကမ္ဘာ