(Unicode)
ဆိုင်၏လေးလံသော မှန်တံခါးကိုတွန်းဖွင့်ရင် ဆိုင်ရှေ့သို့ရောက်သော် ရှောင်ကျန့်သူ့လက်ထဲမှ ကတ္တီပါဘူးလေးကို နှစ်ခြိုက်စွာပြုံးလျက်ကြည့်နေမိသည်။
သူ့လခ လေးလစာ မဟုတ်သေးဘူး ခြောက်လစာလောက်ရှိမယ်ထင်တယ် ဒီကတ္တီပါဘူးလေးက ဒါပေမဲ့ ဒီအတွက်ပဲကြိုးစားခဲ့တာမဟုတ်ဘူးလား
ဒီနေ့သူအလုပ်လုပ်တာတစ်နှစ်ပြည့်တဲ့နေ့..
အင်း.. ရိပေါ်နဲ့တူတူနေတာလည်း တစ်နှစ်ပြည့်တဲ့နေ့
ပြန်စဉ်းစားကြည့်တော့ သူအလုပ်စလုပ်မယ်ဆိုကတည်းက ရိပေါ်ကသူပြောထားတဲ့ အိမ်ကလေးမှာပဲ တူတူနေဖို့သူ့ကိုပြောလာသည်
သူ့ကိုပြောရုံတင်မကပဲ သူ့အမေကိုပါကိုယ်တိုင်လိုက်၍ခွင့်တောင်းခဲ့သည်သူ့မာမားကသူနဲ့ခွဲမနေချင်၍ အစပိုင်းကန့်ကွက်သော်လည်း နောက်ပိုင်းတော့ အိမ်ကိုမကြာခနပြန်လာရန်ပြော၍ လွှတ်ပေးပါသည်
ရိပေါ်ကတော့ တစ်လတစ်ခါအလုပ်ကိစ္စနဲ့ ခရီးတွေထွက်နေရပေမယ့် များသောအားဖြင့်အိမ်မှာရှိတာများသည် သူ့ကိုစိတ်မချလို့လာတော့မသိအိမ်မှာသူ့လူတွေကိုအစောင့်ထားသော်လည်း အလုပ်ကိစ္စနှင့်တော့ သူ့လူတွေကိုဘယ်တော့မှအိမ်အလာမခံ အလုပ်ကိစ္စအတွက်အိမ်နဲ့မနီးမဝေးတွင် အိမ်တလုံးထပ်ဝယ်ထားပြန်သည်
ညနေပိုင်းပြန်လာတိုင်း ရှောင်ကျန့်အလုပ်လုပ်နေသည့်အခန်းထဲဝင်လာပြီး အနမ်းတချက်ပေးကာ ညစာသွားပြင်လေ့ရှိသည်"မျက်မှန်လေးနဲ့ ချစ်စရာကောင်းလိုက်တာ ကိုက်စားပစ်လိုက်မယ်"
ကွန်ပြူတာရှေ့တွင် တကုတ်ကုတ်နှင့်စျာန်ဝင်နေသော ရှောင်ကျန့်ကိုအနောက်မှဖက်ကာ ရှောင်ကျန့်ပါးဖောင်းဖောင်းလေး တဖက်ကိုကိုက်လိုက်သည်။ အလုပ်ထဲအာရုံနစ်နေ၍ ရိပေါ်ဝင်လာသည်ကိုပင်မသိလိုက်သော ရှောင်ကျန့်မှာလန့်သွားကာတချက်တုန်တက်သွားသည်။
ရှောင်ကျန့်တုန်သွားသည်ကို သဘောကျကာ
ရိပေါ်ရှောင်ကျန့်ပါးကို နောက်တချက်ထပ်ကိုက်လိုက်ပြန်သည်"ဘာတွေလန့်နေတာလဲဘေဘီ"
"အား...ရိပေါ်နာတယ်သွား မလုပ်နဲ့"
![](https://img.wattpad.com/cover/219574763-288-k132962.jpg)
YOU ARE READING
Orange