My bad boy

5.2K 611 14
                                    

(Unicode)

ဟူး... ဟူး....*

ရိပေါ် သူ့နဖူးပေါ်ကျနေသော ဆံစလေးတွေကို တဟူးဟူးနှင့်မှုတ်နေ၍ ရှောင်ကျန့်စာလုပ်နေရင်း မော့ကြည့်လိုက်သည်။ ဆံပင်ကတော်တော်ကိုရှည်နေပြီ
ရိပေါ်ဆံပင်လေးတွေမှာ ပွပွရှည်ရှည်လေး ရှောင်ကျန့် ရိပေါ်ကိုဆံပင်စည်းပေးတိုင်း သူ့ဆံပင်အိအိလေးတွေကို ကိုင်ရတာသိပ် ကြိုက်သည်။ မွှေးပွရုပ်လေးတွေထက်တောင် ကိုင်လို့ကောင်းသေးတယ်

"ရိပေါ် ဆံပင်တွေတော်တော်ရှည်နေပြီ"

"အင်း"

"မညှပ်တော့ဘူးလား"

ရိပေါ်ခေါင်းခါပြသည်
ဆံပင်ရှည်နဲ့ကြည့်လို့ကောင်းသော် ဆံပင်ကကောင်းကောင်းဂရုမစိုက်သောကြောင့် ကြာရင် ငှက်သိုက်ဖြစ်တော့မယ်

"ဘာလို့လဲ"

"ဆံပင်ကို သူများကိုင်တာမကြိုက်ဘူး"

ရှောင်ကျန့်အံ့ဩသွားသည် ဆံပင်ကိုသူများကိုင်တာမကြိုက်ရင် အရင်ကရောဘယ်လိုဆံပင်ညှပ်လဲ

"ဒါဆို အရင်က.."

"ကိုယ့်ဟာကိုယ်ညှပ်တာ"

ရှောင်ကျန့် ပို၍ပင်အံ့ဩသွားသည်။

"အခု ဘာလို့မညှပ်တော့တာလဲ အာ့ဆို"

ရိပေါ် တချက်ခိုးရယ်လိုက်သည် သူထင်ထားတဲ့အတိုင်းပဲ ရှောင်ကျန့်သူ့အကွက်ထဲဝင်လာပြီလေ

"မင်းမှမညှပ်ပေးတာ"

"ဟင်? အို..."

ရှောင်ကျန့်မှ ရုတ်တရက်မို့ ရိပေါ်ပြောလိုက်သော အဓိပ္ပာယ်ကိုမဖမ်းမိ ကြောင်သွားပြီးမှ ခနကြာတွင် ရှက်သွေးဖြာသွားလေသည်။

ဝမ်ရိပေါ် စကားတော်တော်တတ်နေတယ် ဟုတ်လား

ရှောင်ကျန့် တချက်ပြုံးလိုက်ကာ

"ဒါဆို ငါညှပ်ပေးမယ် ညှပ်မှာလား"

ရိပေါ်မှာ စ,နေသော်လည်း ရှောင်ကျန့် တကယ်ညှပ်ပေးမယ်ဆိုတော့ ဘာမှပြန်မဖြေ ငြိမ်သွားလေသည်။
ရှောင်ကျန့် ရိပေါ်အမူအရာကိုကြည့်ပြီး သဘောကျကာ

Orange Where stories live. Discover now