(Unicode)
နှစ်တနှစ်ကုန်ပြီး နောက်တစ်နှစ်သို့ကူးလာလိုက်တာ အချိန်တွေကုန်လို့ကုန်မှန်းမသိကုန်မြန်လာသလိုပဲ
ပိုဆိုးတာက ဒီနှစ်က high school final year စာကိုအသည်းအသန်လုပ်ရမယ့်နှစ်မှာမှ အချိန်ကုန်မြန်ပြီး ၃ လပိုင်းတောင်ရောက်လာခဲ့ပြီ
ရာသီဥတုလည်းအနည်းငယ်ပြောင်းပြီး Shanghai တွင် နွေးစပင်ပြုနေပြီ သစ်ရွက်တွေလည်း ကြွေကာသစ်ကိုင်းလေးတွေပေါ်တွင် ရွက်စိမ်းအသစ်ကလေးတွေပင် ပြန်ထွက်စပြုနေကြလေပြီရှောင်ကျန့် library ထဲတွင်စာလုပ်နေရာမှ ပြတင်းပေါက်အပြင်ဘက်သို့ ငေးကြည့်နေသည်
ထို့နောက် သက်ပြင်းတချက်ချလိုက်မိပြန်သည်
ဟူး...
သူဘာလုပ်ချင်လဲ ခုထိသူမသိသေးဘူး
အထက်တန်းကျောင်းပြီးရင် ဘာတွေဖြစ်လာမလဲ သူစိတ်ကတွေးပြီးပူနေသလို
ရိပေါ်နဲ့ သူနဲ့ရောဘာတွေဆက်ဖြစ်ကြမှာလဲ
သူတို့ဒီအတိုင်းပဲ တူတူရှိနေနိုင်ပါ့မလားအပြင်သို့ငေးနေရာမှ သူ့ရှေ့တွင်ထိုင်နေသော ရိပေါ်ဆီသို့ အာရုံပြန်ရောက်လာသည်
ဒီနှစ်မှာတော့ အရင်နှစ်ကလိုမဟုတ် ရိပေါ်လွတ်လပ်စွာ High school life ကိုခံစားလို့ရသည်လေ
ရိပေါ်စာလုပ်နေရာမှ ရှောင်ကျန့်သက်ပြင်းချသံကြား၍ မော့ကြည့်လာသည်"ဘာတွေစဉ်းစားနေတာလဲ"
ရှောင်ကျန့်ခေါင်းခါပြလိုက်ပြီး
"ရိပေါ် "
"ဟင်?"
"ကျောင်းပြီးရင် ဘာလုပ်မယ်စိတ်ကူးရှိလဲ"
ရိပေါ် အတော်ကြာငြိမ်သက်သွားသည် ဘာမှပြန်မပြောလာ
ရှောင်ကျန့် စားပွဲပေါ်တွင် လက်တဖက်ထောက်ပြီးမေးတင်ကာ ရိပေါ်ကိုအကဲခတ်ကြည့်နေမိသည်ထို့နောက် သက်ပြင်းတချက်ထပ်ချလိုက်ပြီး
"ငါတို့ဘဝတွေရည်မှန်းချက်မဲ့လိုက်တာ"
ရိပေါ် အံ့ဩသွားပုံရပြီး
"မင်းရောဘာလုပ်ချင်လဲ"
ရှောင်ကျန့် လက်နှစ်ဖက်ကို မျက်နာပေါ်အုပ်ကာ
"ငါမသိဘူး ဘာလုပ်ရမလဲ"
![](https://img.wattpad.com/cover/219574763-288-k132962.jpg)
VOCÊ ESTÁ LENDO
Orange