I can't have these feelings

6.1K 738 15
                                    

(Unicode)

Notes ထုတ်နည်းသင်ပေးမယ် စဉ်းစားထားပေမယ့် ထိုနေ့ကတည်းက သူတို့မှာအားချိန်မရ
ထိုသို့ဖြင့် Mid-term သာဖြေပြီးသွားသည် မသင်ပေးလိုက်ရ
သို့သော် ရှောင်ကျန့်သူ့ notes တွေကိုကြာသပတေးနေ့တိုင်း ရိပေါ်ကိုငှါးပေးပြီး သောကြာမနက်ကို ရိပေါ်ကပြန်ယူလာပေးရသည်။ ထို့ကြောင့် သူတို့နှစ်ယောက်ကြားမှာ အရင်ကလို သပ်သပ်နေကြတာမဟုတ်ဘဲ ရင်းနှီးတဲ့ အငွေ့အသက်ရှိလာသည်ဟုဆို၍ရမည်။

စာမေးပွဲလည်းဖြေပြီးပြီဖြစ်၍ အားကစားပြိုင်ပွဲတွေလည်းပြန်စရန်ပြင်နေကြပြီ ထို့ကြောင့် ရိပေါ်တို့ ပြိုင်ပွဲအတွက် ညနေကျောင်းပြီးတိုင်း training ဆင်းနေရသည်။ ခါတိုင်းဆို နေ့တိုင်း training မလုပ်ရပေမယ့် ခုက midterm နဲ့နားထားတာဆိုတော့ ပြိုင်ပွဲအတွက်သေချာလေ့ကျင့်ရမှာမို့ နေ့တိုင်းလေ့ကျင့်နေကြရသည်။
Beacon တွင် Basketball တစ်ခုတည်းမဟုတ် တခြား table tennis, swimming လိုအားကစားများလည်းရှိသေးသည်။ ကျောင်းပေါင်းစုံပြိုင်ပွဲများမှာ October တွင်စမည်ဖြစ်ကာ November လကုန်လောက်ထိကြာပေမည်။

Shanghai တွင် မိုးလည်းဝင်နေပြီဖြစ်၍ မိုးရွာရွာ မရွာရွာ ကျောင်းသူကျောင်းသားအားလုံး ကျောင်းလာလျှင် ထီးကလေးကိုယ်စီဆောင်ထားတတ်ကြသည်။ မိုးရွာသည့်ရက်များတွင် ရိပေါ်တို့ indoor အားကစားခန်းမတွင် လေ့ကျင့်ရသည်။ ရှောင်ကျန့်မှာတော့ သူပြောထားသည့်စကားအတိုင်း နေ့တိုင်းရိပေါ်ပြီးသည်အထိထိုင်စောင့် အဝတ်အစားလဲပြီးမှပြန်ရသည်။ ရိပေါ်မှာ ဆိုင်ကယ်နှင့်လာသည်ဖြစ်ရာ ဘယ်တော့မှထီးမယူလာ မိုးရွာသည့်နေ့တွေဆို ရှောင်ကျန့်ထီးလေးနှင့် နှစ်ယောက်တူတူ စက်ဘီးအပ်တဲ့နေရာဆီသွားရသည်။ ရှောင်ကျန့်မှာ ရိပေါ်ထက်ပုသောကြောင့် ထီးဆောင်းပေးလျှင် လက်နှစ်ဖက်ဖြင့်ကိုင်ကာ မြှောက်၍ဆောင်းပေးရသည်။ ထို့ကြောင့်ထီးက နှစ်ယောက်လုံးအတွက်မလုံ ရိပေါ်ကိုကြည့်တော့ ဤသည်ကိုအတွန့်မတက် ထီးအောက်ကနေလည်းထွက်မသွား ရှောင်ကျန့်ဆောင်းပေးသည့်အတိုင်းပင် အမြဲအလိုက်သင့်လိုက်လာသည်။

တစ်ရက် ရိပေါ်တို့လေ့ကျင့်နေချိန်တွင် အပြင်ဘက်၌မိုးများသည်းကြီးမည်းကြီးရွာချနေသည်။ ရှောင်ကျန့်ရိပေါ်ကိုစောင့်နေသည့်အချိန်ကို အကျိုးရှိရှိအသုံးချကာ အတန်းထဲ၌စာလုပ်နေသည်။ ရိပေါ်ပြီးရင် သူ့ပါသူအတန်းထဲလာပြီးအဝတ်လဲမည် ပြီးရင်သူတို့တူတူပြန်ကြသည် ဒါကနေ့စဉ်လုပ်နေကျအလုပ်လိုပင်ဖြစ်နေပြီ

Orange Where stories live. Discover now