Jealous much

5.4K 605 14
                                    

(Unicode)

ကျောင်း main ပေါက်တွင် ကျောင်းသူကျောင်းသားများ အခါတိုင်းနှင့်မတူ အပေါက်ရောက်သည်နှင့် ငြိမ်သက်စွာ ကုတ်ချောင်းကုတ်ချောင်းနဲ့သွားနေကြသည်။

ဒီနေ့က ရှောင်ကျန့် ဂိတ်မှာတာဝန်ကျတဲ့နေ့

ကျောင်းသားတွေ ခါတိုင်းနှင့်မတူပဲ ပိုပြီးရိုကျိုးနေရတဲ့အကြောင်းအရင်းကတော့ ရှောင်ကျန့်နောက်တွင် ရုပ်တည်ကြီးနှင့် ပေကပ်ကပ်ရပ်နေသော ဝမ်ရိပေါ်ပေါ့
ရှောင်ကျန့်မှာ ကျောင်းသားတွေ ခါတိုင်းလိုပြဿနာမရှာပဲ လိမ်လိမ်မာမာစည်းကမ်းလိုက်နာတာကိုသဘောကျသော်လည်း
မသိရင် ကျောင်းပေါက်ဝမှာ ဓားပြတိုက်နေတာနဲ့မတူဘူးလား
ကျောင်းထဲကဆိုးပေ့ဆိုတဲ့ဟာတွေတောင် စောဒကတက်မယ်လုပ်ရင် ဝမ်ရိပေါ်တချက်ကြည့်လိုက်တာနဲ့ ငြိမ်ကုပ်သွားရော

"ရိပေါ် အတန်းထဲသွားတော့လေ"

ရှောင်ကျန့် တွန်းထုတ်နေ၍ ရိပေါ်ရှောင်ကျန့်လက်ကိုဆွဲကာ

"မင်းကိုစောင့်နေတာ"

"ငါက ကျောင်းတက်မှသွားလို့ရမှာ အတန်းထဲမှာသွားစောင့်နေ လိမ္မာတယ်"

ရှောင်ကျန့် ရိပေါ်လက်ကို တချက်ညှစ်လိုက်တော့ ရိပေါ်မသွားချင်သည့်ပုံစံ ပေကပ်ကပ်လုပ်နေပြန်သည်

"ငါ Necktie မပါဘူး"

သေချာကြည့်လိုက်တော့မှ ရိပေါ် Necktie လည်းမပါ င်္အကျီကလည်းရင်ဘတ်ဟပြဲ
ရှောင်ကျန့် သူ့ကို ခြေဆုံးခေါင်းဆုံးကြည့်လိုက်ပြီး သူ့အိတ်ထဲမှာ Necktie တစ်ခုထုတ်လာကာ

"သိတယ် အဲ့ဒါကြောင့်ဒီမှာ အပိုယူလာတယ် ရော့ ကြယ်သီးတွေသေချာတပ် ဆံပင်ကလည်းဘယ်လိုဖြစ်လာတာလဲ"

ရိပေါ် စူပုတ်သွားသည်။ သူ့မှာနက်ခ်တိုင် ပါသားပဲ တမင်တကာဆိုးနေတာ
သူ့ဆံပင်သူဖွလိုက်ပြီး

"ဆံပင်ကဘာဖြစ်နေလို့လဲ ခါတိုင်းလဲဒီလိုပဲဟာ"

"ဆံပင်တွေအရမ်းရှည်နေတာ မျက်နာပေါ်ကျနေပြီ စည်းရင်လည်းစည်းထားလေ"

ရှောင်ကျန့်သူ့ကိုလှည့်မကြည့်ပဲပြောနေ၍ ရိပေါ်မကျေမနပ်ဖြစ်ကာ Necktie ကို သူ့ဆီပြန်ထိုးပေးလိုက်သည်။

Orange Where stories live. Discover now