A gentle kiss

5.7K 664 19
                                    

(Unicode)

ရှောင်ကျန့် အခန်းထဲတွင် လှဲနေရင်း သူ့အခန်းကြမ်းပြင်ပေါ်တွင်ထိုင်နေသောရိပေါ်ကို တချက်တချက်ခိုးခိုးကြည့်နေမိသည်။
အခုလိုသိသွားတော့ကျ ရိပေါ်ကိုအရင်လိုမမြင်နိုင်တော့ဘဲ တဆက်တည်း သူ့စိတ်ထဲတွင်လည်းအပြစ်ရှိသလိုခံစားရလေသည်။
ရိပေါ်ကရော ဘာလို့သူ့ကိုဘာမှမပြောတာလဲ မဟုတ်မှလွဲရောသူ့ကိုမမှတ်မိလို့များလား

အဲ့ဒါထက် လောလောဆယ်ရော ဘာလို့ဘာမှမပြောဘဲဒီတိုင်းကြီးထိုင်နေရတာလဲ
ဆေးရုံကနေအိမ်ကိုပြန်ရောက်တည်းက သူ့အခန်းကြမ်းပြင်ပေါ်မှာ ငေါင်ငေါင်ကြီးထိုင်နေတာ

"ဘာလို့"

ရိပေါ် ငြိမ်နေရာမှ ရုတ်တရက်ထပြောလိုက်သောကြောင့် ရှောင်ကျန့်လန့်ခုန်မိမလိုဖြစ်သွားလေသည်။

"ဘာလို့မပြောတာလဲ"

"ဘာ ဘာကိုလဲ"

အက်... သူသိတာပဲ သိလို့အဲ့ကိိစ္စကိုမေးနေတာမလား

"ရိပေါ် ငါအခုမှသတိရလို့ ဆောရီး"

ရှောင်ကျန့် သူဟာသူ မလုံတဲ့အိုးအရင်ပွင့်နှင့်လေသည်

"ကိုယ်မှာရောဂါရှိမှန်းကိုယ်အခုမှသတိရတယ်?"

စကားပြောနေသော်လည်း ရိပေါ်မှာရှောင်ကျန့် ကျောသာပေးထားပြီး လှည့်မကြည့်
ရှောင်ကျန့်ရယ်ကျဲကျဲလုပ်ကာ

"အော် အဲ့ဒါလား အဲ့ဒါ ငါကပျောက်သွားပြီထင်နေတာ ဘာလို့ပြန်ပေါ်လာလဲမသိဘူးထူးဆန်းလိုက်တာ"

ရှောင်ကျန့်မှာ သူ့ရောဂါအကြောင်းသူပေါ့ပေါ့ပါးပါးပင်ပြောနေ၍ ရိပေါ်စိတ်တွေတိုလာပြီး အတန်ကြာသည်အထိပြန်တိတ်ဆိတ်သွားပြန်သည်

"ငါ ဘယ်လောက်တောင်လန့်သွားလဲသိလား"

ရိပေါ်အသံတွေတုန်နေ၍ ရှောင်ကျန့်လန့်ဖြတ်ကာ ရိပေါ်ရှေ့ကြမ်းပြင်ပေါ်ဆင်းထိုင်လိုက်လေသည်။ ထို့နောက် အသံတိုးတိုးလေးဖြင့်

"ဆောရီး ငါအဲ့လိုဖြစ်မယ်လို့ ငါ့ကိုငါလည်းမထင်ထားဘူး"

ရိပေါ်သူ့ကိုယ်သူလည်းပြန်စိတ်တိုလာသည်။ နေမကောင်းတဲ့လူကိုသူဘာလို့ရစ်နေရတာလဲ

Orange Where stories live. Discover now