Lucky charm for you

4.5K 545 15
                                    

(Unicode)

ကလင်* ကလင်*

ရိပေါ်တစ်ယောက် coffee ဆိုင်ရှိခုံပေါ်တွင် ဂဏာမငြိမ်စွာထိုင်ရင်း coffee ပန်းကန်ပေါ်မှဇွန်းကို တတောက်တောက်နဲ့ခေါက်လိုက် မွှေလိုက်လုပ်နေသည်။ နွေရာသီ ကျောင်းတစ်လပိတ်မှာမို့လို့ ဘိုးတော်ကသူ့ကိုဂျပန်က Head quarter ဆီသွားစေချင်နေသည်လေ
ဂျပန် head quarters မှာအခြားမဟုတ် Yamaguchi Gang ရဲ့ အကြီးပိုင်းတွေရှိတဲ့ခြံဝင်းတခုသာ
ခြံဝင်းဆိုပေမယ့် မြို့ငယ်လေးတခုစာလောက်တော့ရှိသည်။ ရိပေါ် ဂျပန်မသွားဖြစ်တာ လေးနှစ်ပင်ကျော်နေပြီ
အဲ့ဒါကြောင့် ဘိုးတော်က သူ့ကို HQ မှာ လူကြီးတွေဆီသွားနှုတ်ဆက်ခိုင်းတာ ရိပေါ်မှာ ဘိုးတော်ကြောင့် တချိန်ချိန်မှာခေါင်းဆောင်ဖြစ်လာမှာ မလွဲမသွေဖြစ်သော်လည်း Gangs တွေရိုးရာထုံးစံအတိုင်း လူကြီးပိုင်းတွေကောင်းချီးပေးမှုကလည်းလိုသေးသည်။

ရိပေါ် တတောက်တောက်နှင့်လုပ်နေတာကို စိတ်မရှည်တော့၍ ဇွန်းကိုင်ထားသောရိပေါ်လက်ကို ရှောင်ကျန့်လှမ်းတားလိုက်သည်။

"ရိပေါ် စားစရာကိုမဆော့နဲ့"

ရိပေါ်လက်မှာ ငြိမ်သွားသော်လည်း သူ့အကြည့်များကရှောင်ကျန့်ဝတ်ထားသော ဘောင်းဘီတိုလေးကနေမခွါ
ဂျပန်သွားရမှာမို့ ရှောင်ကျန့်နှင့်ခွဲရမှာကိုတွေးပြီးစိတ်ညစ်နေတာကတမျိုး quarter pants ကိုပူလို့ဆိုပြီး ထိုင်နေရင်းပေါင်တဝက်လောက်ထိတင်ထားသော ရှောင်ကျန့်ကြောင့်ဂဏာမငြိမ်ဖြစ်နေတာကတမျိုး
စိတ်ကလည်းဘာကိုတိုနေမှန်းမသိ တိုလာပြန်ပြီ

ရိပေါ် ဘာမှဆက်မပြော၍ တခုခုမှားနေမှန်းရှောင်ကျန့်ရိပ်မိသည်လေ

"ဘယ်နှရက်သွားရမှာလဲ"

ရိပေါ် လေးတိလေးကန်ဖြင့်

"တစ်ပတ်"

ရှောင်ကျန့်စိတ်နည်းနည်းအေးသွားသည်
တစ်ပတ်ဆိုမဆိုးပါဘူး သူတို့တခါမှအဲ့လို ရေခြားမြေခြားထိမခွဲဖူးသေးတော့ အမှန်ပြောရရင် ရှောင်ကျန့်စိတ်ထဲတွင်မကောင်းသော်လည်း ဟန်ဆောင်ထားရသည် တစ်လလောက်ဖြစ်မယ်ထင်ထားတာ တစ်ပတ်ဆိုတော့တော်ပါသေးတယ်

Orange Donde viven las historias. Descúbrelo ahora