Lurking danger

4.3K 521 8
                                    

(Unicode)

နွေကျောင်းပိတ်ရက်ဖြစ်၍ နိုင်ငံခြားခရီးထွက်သူများသော်လည်း Shanghai ရှိလမ်းများပေါ်တွင်လူစည်ကားလျက်ပင်ရှိသည်။ လူကုန်ထံများနေသော အဆောက်အအုံအစုအဝေးများထဲရှိ အိမ်ကြီးအိမ်ကောင်းတခု၏ အပြင်ပန်းမှာ တိတ်ဆိတ်ငြိမ်းချမ်းနေသယောင်ထင်ရပေမဲ့

"ဒီကိစ္စကို ငါတို့ဆက်ခွင့်ပြုထားလို့မဖြစ်ဘူး"

အိမ်ကြီး၏အစည်းအခန်းထဲရှိ စားပွဲဝိုင်းကြီးတွင် ထိုင်နေကြသူများမှာအရှိန်အဝါရှိကြသူများဖြစ်ကြောင်း ဖြတ်ခနဲတချက်လှမ်းကြည့်ရုံနှင့်သိနိုင်သည်
တစ်ယောက်တပေါက်ပြောနေရာမှ အကြီးပိုင်းဖြစ်ဟန်တစ်ယောက်ကဝင်ပြောလိုက်သောကြောင့် ခနတာငြိမ်ကျသွားပြီး

"ဒီတိုင်းမထားရင် ဘယ်လိုလုပ်ချင်လို့လဲ Yamaguchi အဖွဲ့က Shanghai မှာ အာဏာရနေတာကြာလှပြီပဲ"

ခေါင်းဆောင်ပုံစံနှင့်သူမှာ ထိုသူအားစိတ်ရှုတ်ဟန်ဖြင့်လှမ်းကြည့်ကာ

"အဲ့ဒါကြောင့်အခုအခွင့်အရေးရတုန်း ဒီဂျပန်တွေကို ဒီကနေအပြီးဖယ်ပစ်မယ်ပြောတာ"

"အော်...  Shanghai မှာက Yamaguchi ရဲ့ အဖွဲ့ခွဲ Kamiyama တခုတည်းရှိတာတောင် ဒီလောက်အင်အားကြီးတာ အဖွဲ့အကြီးကြီးတခုလုံးကို ဘယ်လိုဖယ်လို့ရမှာလဲ"

ဘေးလူတွေကြည့်လိုက်သည်နှင့် ထိုနှစ်ယောက်မှတစ်ယောက်နဲ့တစ်ယောက်သိပ်မတည့်မှန်းပေါ်လွင်နေသည်

"မကြာခင် ဂိုဏ်းအားလုံးကအကြီးပိုင်းတွေ တွေ့ဆုံပွဲလုပ်မှာ ငါသိထားတာ Yamaguchi အဘိုးကြီးဆီမှာ မြေးတစ်ယောက်ရှိတယ်ကြားတယ်"

တခန်းလုံးတိတ်ဆိတ်သွားကာ ပြန်ပြောသူမရှိ အခုချိန်ကနေဆက်ပြောမယ့်အကြောင်းအရာတွေအားလုံးက အန္တရာယ်များလွန်းလှကြောင်း အားလုံးခန့်မှန်းမိကြသလို တခုခုဖြစ်လျှင်ရှောင်လို့ရလိုရငြား ငြိမ်နေကြခြင်းသာ
အမှန်မှာ Yamaguchi ဆီမှာ အမွေဆက်ခံနိုင်သူမြေးတစ်ယောက်ထဲသာရှိတော့ကြောင််း သိကြသော်လည်း ထိုမြေးကလေးမှာ Shanghai ရဲ့အဖွဲ့ခွဲကို ထိန်းချုပ်နေမှန်းသိဖို့နေနေသာ မည်သူမှန်းပင်အသေအချာမသိကြ

Orange Where stories live. Discover now