Wang Yibo's Jealousy

4.9K 505 31
                                    

(Unicode)

တနကုန် ထိုင်ပြီးဒီဇိုင်းဆွဲနေရ၍ ရှောင်ကျန့်အညောင်းပြေအညာပြေအောက်ဘက်ဆင်းလာပြီးရေလာသောက်စဉ် သူ့မာမားအပြင်ထွက်ရန်ပြင်နေသည်ကိုတွေ့၍

"မား ဘယ်သွားမလို့လဲ"

ရှောင်ကျန့်မာမားမှာ အခါတိုင်းနှင့်မတူ လှလှပပသပ်သပ်ရပ်ရပ်ပြင်ဆင်ထားကာ မိတ်ကပ်များလည်းလိမ့်ခြယ်ထား၍ ရှောင်ကျန့်သိချင်စိတ်ဖြင့်မေးလိုက်မိခြင်းဖြစ်သည်
သူမေးသည်ကိုချက်ချင်းမဖြေနိုင်သေးပဲ သူ့မားမှာ အန်းတန်းတန်းဖြစ်သွားကာ

"သူငယ်ချင်းတစ်ယောက်နဲ့တွေ့မလို့ပါ"

ရှောင်ကျန့် သူ့မားအပြုအမူကိုကြည့်၍ အဓိပ္ပာယ်ပါပါပြုံးလိုက်ကာ

"မားသူငယ်ချင်းကယောက်ျားလေးလား"

သူ့မားမျက်နာအနည်းငယ်ရဲသွားသည်ကိုပင် သူမြင်လိုက်ရသည်

"အင်း..."

ရှောင်ကျန့် သဘောကျကာ

"နောက်ကျသားကိုမိတ်ဆက်ပေးနော်"

"ဘာကိုမိတ်ဆက်ပေးရမှာလဲ ဒီကောင်စုတ်လေးကတော့"

"ငါတို့မား ဒီလောက်အလှတွေပြင်ပြီးသွားတာဆိုတော့ သာမန်ယောက်ျားလေးမိတ်ဆွေတော့မဖြစ်နိုင်ဘူး"

သူ့မားမှာ ရှက်ကိုးရှက်ကန်းဖြင့်

"ရှောင်ကျန့် မား.."

ရှောင်ကျန့် သူ့မားလက်ကိုဆွဲကာ

"ပြန်လာမှပြောပြတော့ အခု date လုပ်ထားတာ နောက်ကျနေလိမ့်မယ်"

"Date လုပ်ထားတာမဟုတ်..."

"ကဲ ကဲ မြန်မြန်သွားပါ မားရယ်"

သူ့မားပြုံး၍ခေါင်းညိတ်ပြကာ ရှောင်ကျန့်ခေါင်းလေးကိုတချက်ပုတ်ရင်း ထွက်သွားသည်
ပြုံးရွှင်စွာထွက်သွားသော သူ့မားနောက်ကျောပြင်ကို ပြတင်းပေါက်ကနေတဆင့်မျက်စိတဆုံးလိုက်ကြည့်မိသေးသည်
ကလေးတယောက်နှင့် သူတယောက်တည်းရုန်းကန်ခဲ့ရသောကြောင့် မျက်နာတွင်အရေးအကြောင်းအနည်းငယ်ပေါ်နေသော်လည်း အသက်လေးဆယ်စွန်းစွန်းသာ​ကျော်သေးသောသူ့မာမားမှာ ခုထိလှပနေဆဲ
ထိုလှပနေသောမျက်နာလေးပေါ်တွင် ထိုကဲ့သို့ချစဖွယ်အပြုံးလေးဖြစ်လာအောင် ဖန်တီးပေးပုဂ္ဂုလ်ကို သူတစ်ရက်ရက်တော့တွေ့ပြီး ကျေးဇူးတင်စကားပြောရဦးမယ်

Orange Where stories live. Discover now