Weekend with you~3 (He is a Gangster)

4.7K 581 21
                                    

(Unicode)

"ရိပေါ် ရိပေါ် ဒါလေးဘယ်လိုလဲ"

ရိပေါ်တချက်လှည့်ကြည့်ကာ

"အင်း ကောင်းတယ်"

ပြီးနောက် ဆော့လက်စ ဂိမ်းကိုဆက်ဆော့နေသည်။ ရှောင်ကျန့်မှာ အိမ်ပစ္စည်းဝယ်သော website တွင် အပေါ်အောက်မွှေကာ တခုပြီးတခုရိပေါ်ကိုလာပြနေသည်။ ခုံလေးတွေ စားပွဲလိုက်ကာ မီးအိမ်လေးတွေစသဖြင့်
ရိပေါ်ကတော့ ရှောင်ကျန့်ပြသမျှကောင်းသည်ချည်း
ညစာစားပြီး နှစ်ယောက်သား အိမ်ရှေ့ကြမ်းပြင်တွင်မှောက်ကာ ဖုန်းတစ်လုံးစီဖြင့်အလုပ်ရှုပ်နေကြသည်
သူပြောနေသည်ကို သေချာမကြည့်ပဲ ကောင်းတယ်ချည်းပြောနေသဖြင့် ရှောင်ကျန့်စိတ်ပေါက်လာကာ

"အကုန်ကောင်းတယ်ပဲ ပြောနေတော့မှာလား ငါအကုန်ဝယ်ပစ်လိုက်မှာနော်"

ရိပေါ်ဖုန်းကနေအကြည့်မခွါပဲ

"ဟမ်? ဝယ်လိုက်လေ ငါ့အိမ်ကမင်းအိမ်ပဲဟာ မင်းကြိုက်တာလုပ်လို့ရတယ်"

သူလိုချင်သော attention မရ၍ ရှောင်ကျန့်ပို၍စိတ်တိုလာသည်

"ဝမ်ရိပေါ် မင်းလာကြည့်မှာလား မကြည့်ဘူးလား"

ရှောင်ကျန့် လေသံမာလာ၍ ရိပေါ်ဂိမ်းကို ခဏရပ်လိုက်ကာ ရှောင်ကျန့်နားကပ်လာသည်။
ထို့နောက် ရှောင်ကျန့်ပါးလေးကို သူ့ပါးနှင့်ပွတ်သီးပွတ်သပ်လုပ်ကာ

"ပြော ဘေဘီ"

"မင်းအိမ်အတွက်ကြည့်ပေးနေတာကို စိတ်ဝင်မစားသလိုလိုနဲ့ ဘယ်လိုဖြစ်နေတာလဲ"

ရိပေါ် မျက်နာငယ်လေးလုပ်ပြကာ

"ငါမှ..တကယ်စိတ်မဝင်စားတာ"

ရှောင်ကျန့် စိတ်တိုကာ ထထွက်သွားမည်လုပ်တော့ ရိပေါ်သူ့ကို ကမန်းကတန်းဆွဲထားလိုက်ရသည်။ များသွားပြီ စ,တာ
တကယ်ဆို သူဂိမ်းကိုလည်းအဲ့လောက်စိတ်ဝင်စားတာ မဟုတ်ပါဘူး

"ရှောင်ကျန့်... အဲ့လို စိတ်မဆိုးနဲ့လေကွာ ငါတကယ်စိတ်မဝင်စားတာကို ဘယ်လိုစိတ်ဝင်စားအောင်လုပ်ရမှာလဲ"

ရှောင်ကျန့် ဘာမှပြန်မပြော

"လာပါ ဘေဘီ စိတ်မဆိုးနဲ့ တူတူကြည့်မယ်လာ"

Orange Where stories live. Discover now