You make me worried

6.6K 740 4
                                    

(Unicode)

ကလင် ကလင်..

"မင်္ဂလာပါ ခင်ဗျာ"

Xiao Zhan ကောင်တာတွင်ရပ်နေသော်လည်း စိတ်နဲ့လူနဲ့မကပ်ချင် သူ Feng Xue ကိုပြောတာများမှားသွားတာလား
ဟင့်အင်း သူအရင်ကလို နှုတ်ပိတ်မနေချင်တော့ဘူး ဟုတ်တယ် အဲ့လိုသာပြောနေသော်လည်း စိတ်ထဲကမကောင်း ငါနောက်ခါဘာမှမပြောပဲနေတာပဲကောင်းမှာပါ
ကောင်တာရှေ့တွင် ဘီယာ ၂ ဘူးနှင့် လိမ်းဆေးများ ဆေးကဒ်များလာချမှ အာရုံပြန်ရကာ

တီ တီ

"..... yuan ပါခင်ဗျ"
အတွေးလွန်နေသောကြောင့် Customer မျက်နာကို မကြည့်မိ Customer မှာ Beer 2 ဘူးသာယူကာ ကျန်ပစ္စည်းများချန်သွားသောကြောင့်

"ဒီမှာ ဒါလေးတွေကျန်သွား.."
ထို Customer မှာပြန်လှည့်လာကာ

"ယူထားလိုက်" 

ရှောင်ကျန့် မျက်နာကိုသေချာကြည့်လိုက်မှ ဝမ်ရိပေါ်!! စိတ်ညစ်ရတဲ့အထဲ ဘယ်လိုတောင် ရေစက်ဆုံပါလိမ့်
သူစကားမများချင်၍ ကျန်သွားသောပစ္စည်းများကို ထုတ်ပေးရန်ကြည့်လိုက်သည် အကိုက်အခဲပျောက်ဆေးနှင့် အနာကျက်ဆေးများ
သူ့အတွက်လား..
ရှောင်ကျန့် ထိုပစ္စည်းများကိုကြည့်နေရာမှ
နေပါဦး ခုနက သူကိုင်သွားတာ Beer ၂ ဘူးမလား သူ့အသက်အရွယ်နဲ့ Beer နဲ့ဘာဆိုင်လို့လဲ
ရှောင်ကျန့် ကောင်တာနောက်မှ ကမန်းကတန်းထွက်ကာ ဆိုင်ရှေ့သို့ပြေးလိုက်သည်။ တော်သေးတယ် ရိပေါ်ဆိုင်ရှေ့မှာပဲရှိသေးလို့

"ရိပေါ် အဲ့ဟာတွေပြန်ပေး"

"ဘာလို့ပေးရမှာတုန်း"

"မင်း.. မင်း အသက်မပြည့်သေးဘူး"

"ပိုက်ဆံရှင်းပြီးသွားပြီ"

"မရဘူး ပိုက်ဆံပြန်ပေးမယ် အဲ့ဟာတွေပြန်ပေး"

ရိပေါ် ရှောင်ကျန့် ကိုဂရုမစိုက်ပဲ ဆက်လျှောက်သွားရန် ပြင်လိုက်သည်။

"ဝမ်ရိပေါ် ငါ... ငါရဲကိုဖုန်းဆက်လိုက်မှာနော်"

"ကျစ်.." 

"ရှုပ်လိုက်တာ"
ရိပေါ်ထိုနေရာတွင်ပင် Beer ၁ ဘူးကိုဖွင့်ကာသောက်ချလိုက်သည်။ Beer ကို ရေသောက်နေသည့်အလား မျက်နာတချက်ပင်မပျက်ပဲ တစ်ဘူးလုံးကို တစ်မိနစ်တောင်မကြာလိုက်
ရှောင်ကျန့်မှာ ထိုနေရာတွင်ပင်ရပ်ကာ ပါးစပ်အဟောင်းသားဖြင့်ကြောင်အ,နေသည်။

Orange Where stories live. Discover now