(Unicode)
Xiao Zhan အခန်းထဲရှိ ကိုယ်လုံးပေါ်မှန်တွင် ပေါ်နေသော သူ့ပုံရိပ်ကိုကြည့်ကာ ကျေနပ်သွားဟန်ဖြင့် လက်သီးတချက်လေထဲမြှောက်လိုက်သည်။
"Yes! This year is my year!"
ရှောင်ကျန့်အခန်းလေးမှာ အရမ်းမကျယ်သော်လည်း သပ်သပ်ရပ်ရပ်စီရီထားသောကြောင့်နေချင်စဖွယ်ကောင်းလေသည်။
အခန်းတွင် လမ်းဘက်သို့မျက်နာမူထားသော ပြတင်းပေါက်ကြီးကြီးတစ်ပေါက်ရှိကာ ထိုပြတင်းပေါက်နားတွင် သူ့အိပ်သည့်တစ်ယောက်အိပ်ကုတင်ကပ်ထားလေသည်။ ထို့ကြောင့်မိုးလင်းလျှင် နှိုးစက်ပင်မလို ပြတင်းပေါက်မှဝင်လာသော အလင်းရောင်ကြောင့်အလိုလိုနိုးလာတတ်သည်။ ကုတင်ဘေးတွင် စာကြည့်စားပွဲရှိကာ ထိုဘေးတွင်တော့စာအုပ်စင်နှင့် ဆုများစွာတင်ထားသော စင်ကလေးတစ်ခု
ကိုယ်လုံးပေါ်မှန်ကလေးမှာ တံခါးပေါက်နားတွင်ရှိ၍ သူအပြင်သွားခါနီးတိုင်းကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်ရန်အဆင်ပြေလေသည်။ရှောင်ကျန့် အိမ်အောက်သို့ပြေးဆင်းလာကာ သူ့မားကိုနှုတ်ဆက်ပြီးနောက် ပြင်ပေးထားသော မနက်စာ Sandwich နှင့် နွားနို့ဘူးကိုယူကာ အိမ်ရှေ့တွင် သော့ခတ်ထားသောစက်ဘီးဆီသို့အပြေးလာသည်။ ထို့နောက် Sandwich ကိုက်ရက်ပင် စက်ဘီးကိုလက်တဖက်ဖြင့် ယိုင်တိယိုင်တိုင်ထိန်းမောင်းလာသည်။
ကျောင်းပြန်ဖွင့်ပြီ ပထမဆုံးနေ့..Xiao Zhan ကျောင်းရှေ့သို့ရောက်သော် စက်ဘီးကိုရပ်ရင်း ကျောင်းကိုတချက်ငေးကြည့်ရင်း ဆုံးဖြတ်ချက်ချလိုကသည်။
"ဒီနှစ်တော့ ငါသူငယ်ချင်းတွေအများကြီးရအောင်လုပ်မယ်"
သူစက်ဘီးကိုနင်း၍ ထွက်မည်ပြင်ကာရှိသေး သူ့ရှေ့မှ ဝှီခနဲဖြတ်သွားသော ဆိုင်ကယ်ကြောင့် Xiao Zhan လန့်ကာ ဟန်ချက်ပျက်၍ လဲကျသွားသည်။ ဘေးမှဖြတ်သွားသောကျောင်းသူကျောင်းသားများ သူ့ကိုကွက်ကြည့်ကွက်ကြည့် ကြည့်သွားကြလေသည်။ ဆိုင်ကယ်မောင်းလာသူမှာ သူ့လိုပဲ School uniform ဝတ်ထားသော ကျောင်းသားတစ်ယောက်
မှန်လုံဦးထုတ် အမည်းဆောင်းထားသောကြောင့် သူ့ရုပ်ကို မမြင်ရသော်လည်း ထိုကျောင်းသားမှာ Xiao Zhan လဲကျသွားသောကြောင့် ခဏရပ်ကာ ဆိုင်ကယ်ကို ခြေတစ်ဖက်ဖြင့်ထောက်လျက် အနောက်ပြန်လှည့်ကြည့်လေသည်။
![](https://img.wattpad.com/cover/219574763-288-k132962.jpg)
ESTÁS LEYENDO
Orange