What is so wrong about trying to stop you from running away?

5.2K 652 17
                                    

(Unicode)

နေရောင်ပျောက်ကာ မှောင်ရိပ်သမ်းလာချိန်တွင် နှစ်ယောက်အတူတူအခန်းဆီသို့ပြန်လာခဲ့ကြသည်။ Feng Xue ပြောသည့်အတိုင်းပဲ အခန်းက လေးယောက်ခန်း ကုတင်လေးလုံးစီနှင့်
ရိပေါ်က ပြောစရာမလို ရှောင်ကျန့်ဘေးကုတင်တွင်နေရာယူထားပြီးသား ပြန်ရောက်ပြီးရေမိုးချိုးပြီးမကြာခင်တွင် Feng Xue တို့လည်းပြန်ရောက်လာကြသည်။

ရှောင်ကျန့်  အခွင့်ကြုံသည့်အခါတွင်တော့ ရိပေါ်ကို ခနခနနမ်းနေရသည့်အကြောင်းရင်းကိုမေးရန်မှတ်ထားလိုက်သည်။ ရိပေါ်အနမ်းတွေကို သူသဘောကျပါသည် သို့သော် သူ့စိတ်ထဲတွင် ခုနေပြန်သည်။

သူတို့ကဘာတွေလဲ

ညစာစားပြီး ကိုယ့်အခန်းကိုပြန်နားကြသည်။ ရှောင်ကျန့်မှာ တစ်နေကုန်ဆော့ထားသောကြောင့်ပင်ပန်းကာ Feng Xue တို့နှင့် ခနတဖြုတ်စကားပြောပြီး အစောကြီးအိပ်ပျော်သွားသည်။

ညသန်းခေါင်လောက်ရောက်ချိန် ရှောင်ကျန့်တရေးနိုးလာချိန် ဘေးကုတင်တွင် လူရှိမနေ
ရှောင်ကျန့် ရေဆာ၍ vending machine မှရေဝယ်ရန် အခန်းရှေ့ထွက်လာကာ Corridor တစ်လျှောက်လမ်းလျှောက်ထွက်လာတော့ တော်တော်များများအိပ်ကုန်ကြပြီ ထင်ပါရဲ့ တိတ်ဆိတ်နေပြီ
တချို့အခန်းတွေမှာသာ အသံနည်းနည်းကြားရသည်
အခန်းထဲမှာလည်းပေးထားတဲ့ရေဘူးတွေကကုန်နေပြီ

Lobby ဘေးနားရှိ Vending machine တွင် အကြွေစေ့ထည့်ကာ ရေဘူးယူနေတုန်း ဟိုတယ်အပြင်ပန်းခြံ၌ လူနှစ်ယောက်ရပ်နေသည်ကိုတွေ့၍ မျက်လုံးကိုသေချာပွတ်ကြည့်လိုက်တော့ ရိပေါ်နဲ့ Hua Xin ပါလား

အမှန်ဆို သူဟာသူရေဘူးယူပြီး အခန်းထဲပြန်သွားခဲ့သင့်သည်။

သူလျှောက်လာသည်ကိုနှစ်ယောက်လုံးမတွေ့ပဲ သူတို့ပြောစရာရှိတာပင်ဆက်ပြောနေကြသည်။

"......"

သူတို့ တခွန်းတပြန်ပြောနေကြသော်လည်း ရှောင်ကျန့်မကြားနိုင် ပုံစံကြည့်ရတာ စကားများနေကြတာလား

အနားတော်တော်လေးရောက်သွားမှ ရိပေါ်လှည့်လာ၍ ရှောင်ကျန့်သစ်ပင်တစ်ခုတွင်ကွယ်လိုက်သည်။ သူဘာလို့ပုန်းနေရတာလဲ အမှန်ဆိုဒီတိုင်း နှုတ်ဆက်လို့ရနေတာကို

Orange Where stories live. Discover now