I think I like you

5.8K 687 21
                                    

(Unicode)

"Pass"

"Hua Xin အရမ်းဝင်မလာနဲ့"

"Da Lin လူပေးလေ ဘောလုံးကိုတစ်ယောက်ထဲယူမထားနဲ့"

Captain ရိပေါ်မှာ ထိုအချိန်မျိုးတွင် တကယ့်ခေါင်းဆောင်တစ်ယောက်ဟန်ပန်အပြည့်နှင့်
ကျောင်းတွင်းပြိုင်ပွဲတွေနီးနေပြီဖြစ်၍ ရိပေါ်တို့ အပြင်းအထန်လေ့ကျင့်နေရပြီ
အခုလည်း မနက်ကျောင်းမတက်ခင် တဖွဲ့လုံးအစောကြီးလာ၍ လေ့ကျင့်နေကြခြင်းဖြစ်သည်။

နေ့လည်ခင်းထမင်းစားဆင်းတော့လည်း ထမင်းပင်မစားပဲ ရိပေါ် Basketball ကွင်းသွားကာ coach နှင့်တိုင်ပင်စရာရှိတာသွားတိုင်ပင်နေသည်။ ရိပေါ် basketball တွင် ဤမျှအားထည့်သည်ကိုကြည့်ခြင်းဖြင့် Basketball ကိုသူဘယ်လောက်သဘောကျလည်းသိနိုင်သည်။ နေ့လည်ခင်းကို သူတင်ပဲcoach နဲ့သွားတွေ့တာလားဆိုတော့မဟုတ် သူ့တဖွဲ့လုံးကိုပါခေါ်ထား၍ တဖွဲ့လုံး သူ့ကိုစိတ်ထဲကကြိတ်ပြီးကျိမ်ဆဲလျက်ရှိသည်။

ရှောင်ကျန့် ထမင်းဘူးလေးကိုင်ကာ Basketball ကွင်းအပြင်ဘက်မှ ရပ်စောင့်​နေတုန်း ရိပေါ်တို့အဖွဲ့ကိုကြည့်ရင်း လွန်ခဲ့သော လေး ငါးနှစ်ခန့်လောက်ကသူ့ကိုယ်သူပြန်မြင်ယောင်မိသည်။ ထို့နောက် တချက်ပြုံးလိုက်ပြီး ခေါင်းခါလိုက်ကာ သူ့အတွေးတွေကိုဖျောက်ပစ်လိုက်သည်။ ပြန်တွေးနေလည်းဘာထူးမှာလဲ စိတ်မကောင်းဖြစ်ရတာပဲ အဖတ်တင်မယ်
ရိပေါ်တို့ တဖွဲ့လုံး canteen မှာမရှိ၍ သူလည်းပျင်းပျင်းနှင့် အားကစားကွင်းကိုလိုက်လာမိသည်လေ

"အိုး ဒါဘာလေးလဲ"

Hua Xin ရှောင်ကျန့်လက်ထဲတွင် သပ်သပ်ရပ်ရပ်ထုပ်ပိုးထားသော ဘူးလေးကိုကုန်းကြည့်ကာ စပ်စုနေလေရဲ့

"ဘာမှမဟုတ်ဘူး"

"ထမင်းဘူးလား မဟုတ်မှလွဲရော ကျန့်ကျန့်ကဒီ Gege နဲ့တူတူစားဖို့စောင့်နေတာလား"

"စိတ်ကူးယဉ်မနေနဲ့"

"ရှောင်ကျန့်!"

ရိပေါ် အော်လိုက်သံကြောင့် ရှောင်ကျန့် နှင့် Hua Xin အပြင် အတူရှိနေသူအကုန်လန့်သွားလေသည်။ ရိပေါ်သူတို့နားအမြန်ရောက်လာကာ
Hua Xin ကိုသတိပေးဟန်ဖြင့်တချက်ကြည့်လိုက်ပြီး ရှောင်ကျန့်ဘက်သို့လှည့်ကာ

Orange Where stories live. Discover now