Meeting with Boss

4.5K 547 28
                                    

(Unicode)

Jingle bells, jingle bells, jingle all the way*

Christmas မရောက်ခင် တစ်ရက်အလို..
Shanghai ရဲ့ လမ်းဘေးတွေပေါ်မှာ နှင်းဖြူဖြူဖွေးဖွေးတွေပုံနေသလို စတိုးဆိုင်တွေ စားသောက်ဆိုင်တွေမှာ Christmas အပြင်အဆင်များ တီးလုံးများအပြိုင်အဆိုင်ဖွင့်ထားကြသည်။
နှင်းဖွေးဖွေးလေးတွေကြားထဲတွင်
Christmas တေးသံများနှင့် ကျောင်းသွားသည့်လမ်းတစ်လျှောက်လုံးမှာ ခါတိုင်းနှင့်မတူပဲ အေးချမ်းနေသော်လည်း တက်ကြွစရာကောင်းနေပြန်သည်။
ရှောင်ကျန့် စက်ဘီးကလေးနင်းကာ ဘေးဘီဝဲရာကိုငေးရင်း ကျောင်းကိုရောက်မှန်းမသိပင်ရောက်လာသည်။ ကျောင်းအဆောက်အဦးထဲဝင်ပြီး locker တွင် အိတ်ထည့်တော့ သူ့ကျောပိုးအိတ်ကိုဖွင့်ကာ အထဲတွင်ပါလာသော စက္ကူအိတ်ညိုညိုလေးဖြင့်ထုတ်ထားသော အရာလေးကို ကျေနပ်စွာတချက်ထုတ်ကြည့်လိုက်သေးသည်။

အပေါ်မှာ စာလေးကရေးထားသေးတယ်

For my love, Yibo တဲ့

ထိုအိတ်ကလေးကို လွယ်အိတ်ထဲသေချာပြန်ထည့်ကာ အတန်းတက်ရန်ဖိနပ်လဲပြီး အတန်းဆီသို့လာတော့ လမ်းတစ်လျှောက်လုံးမှာ Christmas အငွေ့အသက်များကပြည့်လျှံနေပြန်သည်။ ကျောင်းသူလေးတွေမှာ ဆွယ်တာနီနီလေးတွေ Christmas ပုံစံဖော်ထားသည့် accessories လေးတွေအစုံ လက်မှာလည်း လက်ဆောင်ထုပ်ကလေးတွေကိုယ်စီနှင့်
ပုံမှန်ရက်တွေလည်းနှင်းကျပေမယ့် ဒီနေ့ကဘာလို့အရင်ရက်တွေထက် ထူးခြားပြီးလှနေပါလိမ့်

နှစ်ကုန်ခါနီးဖြစ်၍ Basketball team တွင် junior များ recruit လုပ်ချိန်ဖြစ်သောကြောင့် captain ဖြစ်သော ရိပေါ်မှာခါတိုင်းထက်ပင် ပို၍အလုပ်ရှုပ်နေသည်။ နောက်နှစ်ဆို သူတို့က Senior high schoolers တွေဖြစ်တော့မှာ
ထိုအချိန်ကျ အရင်လို Basketball ကို အာရုံစိုက်၍မရတော့ပေ ကျောင်းစည်းကမ်းအရ Senior high ကျောင်းသူ ကျောင်းသားတွေမှာ တက္ကသိုလ်ဝင်ခွင့်အတွက် စာကိုဦးစားပေး၍ ကြိုးစားရတော့မည်။
မနက်ဖြန်ကျောင်းပိတ်မည်ဖြစ်၍ ဒီနေ့ကို ရိပေါ်နဲ့အတူရှိချင်သော်လည်း ဘယ်တတ်နိုင်ပါ့မလဲ

နေ့ခင်းထမင်းစားချိန်အထိ ရိပေါ်ကိုမတွေ့ရ၍ ရှောင်ကျန့် အားကစားကွင်းဆီ လိုက်သွားမိသည်။ အပေါက်ဝကနေရပ်ကြည့်တော့ ကစားကွင်းထဲတွင် ကျောင်းသားများရှုပ်ယှက်ခပ်ကာ အလုပ်တော်တော်ရှုပ်နေပုံရသည် ရိပေါ်ကိုထိုကစားသမားများကြားထဲတွင် တွေ့သော်လည်း ရိပေါ်မှာတော့အလုပ်ရှုပ်နေ၍ သူ့ကိုမမြင်

Orange Where stories live. Discover now