I'm not a puppet

6.7K 780 8
                                    


(Unicode)

"အား.... စ်စ်စ်"

Xiao Zhan Convenience Store ကောင်တာတွင် ရပ်နေရင် သူ့တံတောင်ဆစ်သူကြည့်နေသည်။ တော်တော်ပွန်းသွားတာပဲ
ပွန်းပဲ့ဒဏ်ရာမို့ ရေဆေးပြီးဆေးထည့်ကာ plaster တော့မကပ်ထား
သူ့အလုပ်ချိန်က ၆:၀၀-၉:၀၀ ထိဖြစ်၍ အိမ်ပြန်ရောက်ရင် စာလုပ်ရန်အချိန်ရသေးသည်။ တပတ်မှာ ၃ ရက်ပဲလုပ်ရလို့ Xiao Zhan နောက်ထပ် Part time job တစ်ခုကိုကျောင်း library တွင်အချိန်ပိုင်းလုပ်ရန်ပြောထားသေးသည်။

ကလင်....

"မင်္ဂလာပါ ခင်ဗျာ"

Customer လာ၍ Xiao Zhan လက်ကိုပြန်ချထားလိုက်ကာ နှုတ်ဆက်လိုက်သည်။

"........Yuan ကျပါတယ်ခင်ဗျာ"

Xiao Zhan ဧည့်သည်ထွက်သွားတော့ နာရီကိုလှမ်းကြည့်မိသည်။ ၈:၃၀ pm
ခနနေပြီးတော့မှာပဲ
စဉ်းစားနေတုန်းမှာပင် ပုလင်းကွဲသံများ ရိုက်နှက်နေသံများကြား၍ ဆိုင်ထဲမှာ ခြေဖျားထောက်ကာ လှမ်းကြည့်လိုက်သည်။ မမြင်ရ
ရပ်ကွက် အားကစားကွင်းထဲမှာ ရန်ဖြစ်နေကြပုံရတယ်။ အဲ့နားမှာ ခဏခဏရန်ဖြစ်ကြတယ် ကြားဖူးသော်လည်း တစ်ခါမှကိုယ်တိုင်မကြုံဖူးသေး အလုပ်ချိန်မပြီးသေး၍ သွားကြည့်လို့လည်းမရ အင်း..သူသွားကြည့်တော့လည်းဘာလုပ်ပေးနိုင်မှာမို့လဲ Xiao Zhan ပုခုံးကိုအသာတွန့်ကာ သူ့အလုပ်သူဆက်လုပ်နေမိသည်။

၉:၀၀ pm ညအချိန် ဆင်းမည့်သူမလာသေး
၉:၁၅...
၉:၃၀ မလာသေး Xiao Zhan စိုးရိမ်စပြုလာသည် မလာတော့ရင်ဘယ်လိုလုပ်မလဲ သူဒီနေ့မှအလုပ်စဆင်းတာ ညဆိုင်းတော့မနေရဲ ညဆိုအိမ်ပြင်မှာ ၈:၀၀ ထက်နောက်ကျအောင်နေဖူးသူမဟုတ်
မားကိုဖုန်းဆက်ပြီး အကျိုးအကြောင်းပြောထားဦးမှ တော်ကြာစိတ်ပူနေဦးမှာ
Xiao Zhan ဖုန်းဆက်မလို့လုပ်ကာရှိသေး

ကလင်...ဆိုင်တံခါးပွင့်သွားကာ

"Sorry Sorry ကိုယ်နောက်ကျသွားတယ်"

ဟူး... တော်သေးတာပေါ့
ညဆိုင်းဆင်းမည့်သူကို Xiao Zhan မြင်ဖူးနေသလိုရှိသော်လည်း သေချာမမှတ်မိ အရပ်ကတော့တော်တော်ရှည်သည် ဆိုင်တံခါးကိုပင် တိုက်ချင်ချင်
Wang Yibo နဲ့ယှဉ်ရင် ဘယ်သူပိုရှည်မလဲမသိဘူး
မဆီမဆိုင် Yibo ကိုစဉ်းစားမိလိုက်သေးသည်
Xiao Zhan သူ့မျက်နာကိုသေချာကြည့်တော့မှ မျက်နာမှာ ဒဏ်ရာဒဏ်ချက်တွေပါလား

Orange Where stories live. Discover now