(Unicode)
Midterm ပြီးသွား၍ ကျောင်းတွင် extracurriculum အနေနှင့် club တွေကိုယ်စီကိုယ်စီ ပေါ်လာကြသည်။ သတင်းစာ club, music club, art club စသည်စသည်ဖြင့် အသီးသီး နေ့ခင်းနားချိန်တွင် club ထဲဝင်ရန်မဲဆွယ်သူများ ရှောင်ကျန့်စီ ခဏခဏရောက်လာတတ်ကြသည်။
"ကျန့်ကျန့် ဘယ် club join မှာလဲ"
စားပွဲပေါ်ရှိ club form အပုံလိုက်ကိုမြင်၍ Feng Xue တစ်ခုစီလှမ်းယူကြည့်ရင်းစပ်စုနေသည်။
"Music club join မလို့"
"ဟင် ကျန့်ကျန့်က music စိတ်ဝင်စားတာလား"
Music စိတ်ဝင်စားလားဆိုတော့ တကယ်က music ရော art ရောစိတ်ဝင်စားတာ club နှစ်ခု join လို့မရဘူးဆို၍ music club ကိုရွေးလိုက်ခြင်းသာ music ကျသူ့အဆုတ်ကိုလေ့ကျင့်ဖို့အတွက်လည်းအခွင့်အရေးရမယ်လေ
"Feng Feng ကရော"
"အိုင် က sport club လေ ဟ ဟ ဟ"
ရှောင်ကျန့်ခဏ စဉ်းစားနေရာမှ Feng Xue နောက်သည်ကိုသိသွားကာ သူ့ကျောကုန်းကိုဘုန်းခနဲရိုက်လိုက်သည်။
"အား အာ ကျန့်ကျန့် sport club တကယ်ရှိတယ်"
"Sport ကစားရင်အစတည်းက sport club ထဲကပဲဟာ"
"အင်းလေ"
Sport တစ်ခုခုကစားသူများကျ နောက်ထပ် club တခုခုကိုစိတ်ဝင်စားလျင် join လို့ရသေးသည်။ မတရားလိုက်တာ
"Da Lin နဲ့ ရိပေါ်ရော ဘယ် club join မှာလဲ"
"ငါလည်း music ပဲ ကျန့်ကျန့် အချင်းချင်းကူညီရမယ်နော်"
Da Lin ရှောင်ကျန့်လက်မောင်းကို လက်သီးဖြင့်ဖွဖွလေးထိုးပြီးပြောလိုက်သည်။
ရိပေါ်ကတော့ဘာမှပြန်မဖြေ
ပြောပြော မပြောပြော ရိပေါ်အကြောင်းကိုသူတကယ်စိတ်မဝင်စားတော့ပါ အတန်းနားချိန်တွေဆိုလျှင်အကြောင်းတခုခုပြကာ ရှောင်ကျန့်သူတို့နှင့်ဝေးရာကိုရောက်နေတတ်သည်။
စိတ်မဝင်စားဘူးဆိုပေမယ့် မြင်နေရရင် သူ့ရင်ဘတ်ထဲကနာကျင်လို့
သူတို့အချင်းချင်းပြောနေကြသောစကားများ ရယ်မောနေကြသံများ ကြားနေရလေပိုဆိုးလေ"အားလုံးတိတ်တိတ်"
ဆရာ Chen Lou ဝင်လာ၍ တစ်တန်းလုံးတိတ်ဆိတ်သွားကြသည်။
![](https://img.wattpad.com/cover/219574763-288-k132962.jpg)
ESTÁS LEYENDO
Orange