Look at me when I'm talking

6.7K 832 7
                                    

(Unicode)

"ဒီနေ့တော့ ဒီလောက်ပဲ" ဆရာ Chen Lou အချိန်မှာနောက်ဆုံးချိန်ဖြစ်သည်။ အတန်းဆင်းပြီဖြစ်၍ တတန်းလုံးလှုပ်လှုပ်ရှားရှားဖြစ်ကာ ကိုယ့်အဖွဲ့လိုက် Hang out လုပ်မည့်နေရာများကိုတိုင်ပင်နေကြသည်။ ရှောင်ကျန့်မှာတော့ Hang out လုပ်ရမည့်အခြေနေမဟုတ် ဒီနေ့ အချိန်ပိုင်းအလုပ်လုပ်ဖို့ ပြောထားသည်လေ။
သူလက်မှ လက်ပတ်နာရီကိုကြည့်ကာ
အင်း.. အတန်းပြီးရင် အိမ်ခနပြန်ဖို့တော့အချိန်ရသေးတယ် အလုပ်က ၆:၀၀ နာရီမှစမှာဆိုတော့

"အတန်းခေါင်းဆောင် ဆရာ့ဆီခဏလာတွေ့ပါဦး"

ရှောင်ကျန့်စဉ်းစားနေရာမှ

"ဟုတ် ဆရာ"

Feng Xue တက်ကြွသောအကြည့်တို့ဖြင့် ရိပေါ်တို့ဆီလှည့်ကာ

"ဒါပြီး practice မလား?"

"အင်း"

ရိပေါ် ခေါင်းညိတ်ပြကာ ခတ်ပြတ်ပြတ် တစ်လုံးသာပြောသည်
လေ့ကျင့်ချိန်က နေ့တိုင်းတော့မဟုတ် ဒီနှစ် schedule ကို ခုအတန်းပြီးမှသာ Coach နှင့်သွားညှိရမည်ဖြစ်သည်။

"Feng Xue ရောလိုက်ခဲ့" Feng Xue လစ်ထွက်မည်ကြံကာရှိသေး ဆရာက အမိအရလှမ်းပြောလိုက်သောကြောင့် စိတ်ညစ်သွားသည်။

"ဟုတ် ဆရာ"

Feng Xue ဆူအောင့်အောင့်နှင့် မလိုက်ချင်လိုက်ချင်ဖြင့် Xiao Zhan နှင့် ဆရာများအခန်းဆီသို့လိုက်လာသည်။

Feng Xue နှင့် ဆရာမှာ ရင်းနီးပြီးသားနှင့်တူသည် ဆရာက Xiao Zhan ကို အတန်းခေါင်းဆောင်လို့သာခေါ်သော်လည်း Feng Xue ကိုကျနာမည်နှင့်ခေါ်ပုံထောက်ရင် မနှစ်ကလည်း ဆရာ့အတန်းမှာပင်နေခဲ့ပုံရသည်။
Feng Xue မှာ မျက်မှောင်ကုတ်နေသော်လည်း Xiao Zhan ဘက်လှည့်ကာ ချက်ချင်းမျက်နာဝင်းသွားသည်။

"Hey.. You ရောမနက်ကနောက်ကျတာလား?"

"ဟင်? နောက်မကျပါဘူး"

"ဟုတ်လား အဲ့ဘိုးတော်က အဲ့တိုင်းပဲ အားတိုင်း ဆရာတွေအခန်းခေါ်ခေါ်ပြီး ပေါက်ပေါက်ဖောက်နေတာ"

"အင်? အဲ့ဘိုးတော်?"

ဆူပုတ်နေရာမှ ချက်ချင်းပြုံးရွှင်နေသော Feng Xue ကိုကြည့်ကာ ပျော်ပျော်နေတတ်သူဖြစ်ရမည်ဟု Xiao Zhan ကောက်ချက်ချမိသည်။

Orange Where stories live. Discover now