(Unicode)
ပထမဆုံးနေ့ဖြစ်၍ ရှောင်ကျန့် cafe ကို ၁၅ မိနစ်လောက်စောရောက်အောင်လာခဲ့သည်။ သူရောက်တော့ ရိပေါ်ရောက်နှင့်နေ၍ သူပင်အံ့ဩသွားသည်။
နာရီကိုပြန်ကြည့်လိုက်တော့ ၁၅ မိနစ်တောင်လိုပါသေးတယ်
သူတို့ချိန်းထားသော coffee ဆိုင်လေးမှာ ကျယ်ကျယ်ဝန်းဝန်းရှိပြီး စားပွဲခုံများမှာ တခုံနှင့်တခုံ အတော်ခြားသောကြောင့် အေးအေးဆေးဆေးစကားပြောလို့ကောင်းသည့်နေရာမျိုး
ရိပေါ်ကအနောက်ဆုံး ထောင့်နားရှိ ပြတင်းပေါက်နှင့်ကပ်နေသော ခုံကိုရွေးထားသည်။ ထောင့်နားဆိုတော့ ပိုပြီးသီးသန့်လေးဖြစ်တာပေါ့
ရှောင်ကျန့် ထိုင်ခုံပေါ်တွင် သူ့လွယ်အိတ်ကိုချလိုက်ပြီး"ရောက်တာကြာပြီလား"
"မကြာပါဘူး"
"အော် ခနလေး အအေးသွားမှာလိုက်ဦးမယ်"
"မှာပြီးသွားပြီ"
ထပြီး အအေးသွားမှာမယ်အလုပ် တဝက်တပျက်နှင့်ပြန်ထိုင်ချလိုက်ရသည်။
ငါသောက်ချင်တာငါမှာမှာပေါ့
ရှောင်ကျန့်သိပ်တော့မကျေနပ် သူကတခြားဟာသာ ဂျီးမများတာ အစားအသောက်နဲ့ပက်သက်ရင် အတော်ဂျီးများသည်
သူမကြိုက်တာကိုကြိတ်မှိတ်ပြီး စားတတ်တဲ့အမျိုးလည်းမဟုတ်"အာ.. အင်း"
ရှောင်ကျန့် သူ့အိတ်ထဲမှစာအုပ်များကိုထုတ်ကာ စားပွဲပေါ်တင်လိုက်သည်။ ထို့နောက်ရိပေါ်ကိုမော့ကြည့်လိုက်တော့ သူ့ရှေ့တွင် ငုတ်တုပ် သူလုပ်သမျှကိုထိုင်ကြည့်နေသည်။ ရှောင်ကျန့် ရိပေါ်ကိုစာအုပ်တွေထုတ်ရန်အချိန်ပေးနေသော်လည်း ရိပေါ်ကမူမလှုပ်မယှက်
"စာအုပ်ထုတ်လေ"
ရိပေါ် သူ့ကိုအနည်းငယ်အံ့ဩသွားပုံဖြင့်ကြည့်ကာ
"မပါလာဘူး"
"ဟင်???"
စာလုပ်ပါမယ်ဆိုမှ စာအုပ်မပါတော့ ဘာသွားလုပ်ရတော့မှာတုန်း
ရှောင်ကျန့်အခုမှကြည့်ကြည့်မိတော့ ရိပေါ်လွယ်အိတ်ပင်ယူမလာတာ သတိထားမိသွားသည်။အိုကေ ရှောင်ကျန့် စိတ်ရှည် စိတ်ရှည် ပထမဆုံးနေ့မလို့ သူလည်းဘာမှမမှာလိုက်ဘူးလေ
နေပါဦး သူကကလေးလား စာလုပ်မယ်ဆို စာအုပ်ယူလာဖို့လောက်တော့ ကိုယ်ဟာကိုယ်သိရမှာပေါ့
![](https://img.wattpad.com/cover/219574763-288-k132962.jpg)
KAMU SEDANG MEMBACA
Orange