Get lost!

5.4K 696 7
                                    

(Unicode)

နောက်တစ်နေ့ကျောင်းရောက်ချိန်တွင် ရိပေါ်ကို ကားအနက်ကလေးက ကျောင်းရှေ့ထိလာချပေးသွားတာ ရှောင်ကျန့်တွေ့ဖြစ်အောင်တွေ့လိုက်ပါသေးသည်။

ထိုနေ့မှစ၍ ရှောင်ကျန့် ရိပေါ်ကိုမစောင့်ဖြစ်တော့ပါ။ ရိပေါ်သူ့ကိုမရှောင်ခင် သူကအရင်ရအောင်ရှောင်သည်။ ဘာလို့မှန်းမသိ ရိပေါ်ကိုသူစိတ်ဆိုးနေမိသည်။ ရိပေါ်ကတော့ သူ့ကိုအရင်ကလို မရှောင်တော့ဘူးထင်တာပဲ သူကအရင်ရှောင်နေတော့ သူရှောင်စရာမလိုတော့ဘူးထင်တာနေမှာပေါ့

"ကျန့်ကျန့် Mid-term အမှတ်တွေထွက်ပြီ သွားကြည့်ရအောင်"

Feng Xue သူပြောတာကိုပင်မစောင့်တော့ဘဲ ရှောင်ကျန့်ကိုဆွဲခေါ်သွားလေသည်။
အမှတ်ကပ်ထားသော board ရှေ့တွင် ကျောင်းသားတွေ တိုးဝေ့လျက်ရှိသည်။

Sophomore year အားလုံးအတွက် role 1 က ရှောင်ကျန့် သူခါတိုင်းလိုထူးထွေပြီးမပျော်မိပေ
ရိပေါ်ကိုစိတ်ဆိုးနေသည့်ကြားကပင် သူ့နာမည်ကိုရအောင်လိုက်ရှာမိသေးသည်။ စာရွက်တရွက်သာကုန်သွားသည် မတွေ့
ဟင် ဟုတ်ရောဟုတ်သေးရဲ့လား
သူအနည်းငယ်စိုးရိမ်စပြုလာပြီ စာမေးပွဲကျတာတော့မဟုတ်ပါဘူးနော်
သုံးရွက်မြောက်နောက်ဆုံးစာရွက်ရောက်မှာ အောက်မှရေလျှင် ခြောက်ယောက်မြောက်လောက်တွင် 'ဝမ်ရိပေါ်' ဟူသော နာမည်တွေ့မှသူသက်ပြင်းချနိုင်တော့သည်။ ဘာပဲဖြစ်ဖြစ်ရိပေါ်က အားကစားကျွမ်းကျင်သူဆိုတော့ အားကစားနှင့်သက်ဆိုင်သည့်တက္ကသိုလ်ရွေးရင် အမှတ်ကအရေးမကြီးပေမယ့် စာမေးပွဲတော့ကျလို့မဖြစ်ဘူးလေ

"ကျန့်ကျန့် ကတော်လိုက်တာ"

Feng Xue ခေါင်းငိုက်စိုက်ငိုက်စိုက်ဖြစ်နေ၍

"Feng Feng ကရောဘယ်လောက်ရလဲ"

"ဟွန်? ရိပေါ်ရဲ့အပေါ်က ခုနှစ်ယောက်မြောက်က အိုင်ပဲလေ ကျန့်ကျန့်မတွေ့လိုက်ဘူးလား"

ရှောင်ကျန့် ရိပေါ်နာမည်မြင်တော့ဆက်မကြည့်လိုက်၍ Feng Xue နာမည်ကိုမမြင် Feng Xue ကိုပင်အားနာသွားသည်။

"အော်.."

Feng Xue ရှောင်ကျန့်လက်ကိုဆွဲကာ

"ကျန့်ကျန့် အိုင့်ကိုစာသင်ပေးပါ"

Orange Where stories live. Discover now