The warmth of your body

5.1K 627 12
                                    

(Unicode)

ဆံပင်စတွေ တကိုယ်လုံးစူးကာ ယားနေသောကြောင့် ရိပေါ် ရေချိုးရန် အင်္ကျီချွတ်လိုက်သည်။ ရှောင်ကျန့်ကို ကျောပေးကာချွတ်လိုက်သောကြောင့်

"Wow...."

သန်မာလှသော ကြွက်သားများနှင့် ရိပေါ် ကျောပြင်ကျယ်ပေါ်တွင် သက်ဝင်လှုပ်ရှားနေသော..

ရှောင်ကျန့် သူ့ကိုယ်သူပင်သတိမထားမိဘဲ ရိပေါ်ကျောပေါ်သို့ လက်ရောက်သွားသည်
ရိပေါ်တချက်တွန့်သွားကာ  အလိုလိုတုန့်ပြန်မိပြီး ရှောင်ကျန့်လက်ကို လှမ်းဖမ်းပြီးခေါက်လိုက်၍ နာကျင်မှုကြောင့် ရှောင်ကျန့် နဖူးအနည်းငယ်တွန့်သွားသည်။

"အားး..."

ရိပေါ်အလန့်တကြား လက်ကိုလွှတ်ပေးလိုက်၍ ရှောင်ကျန့် သူ့လက်ကောက်ဝတ်သူပွတ်နေမိသည်။
ရိပေါ် ရှောင်ကျန့်လက်ကို ဖွဖွလေးကိုင်ကြည့်ကာ

"နာသွားလား ဆောရီး"

ရိပေါ် စိတ်ပူနေသော မျက်နာကိုကြည့်ကာ
ရှောင်ကျန့် စိတ်ဆိုးချင်ယောင်ဆောင်ပြီး မျက်နာကိုဆူပုတ်ထားလိုက်သည်။
ရိပေါ် ပို၍ပြာယာခတ်သွားပြီး

"ဆေးလိမ်းပေးမယ် တကယ်ဆောရီး ငါအကျင့်ဖြစ်နေလို့"

ရှောင်ကျန့် နှုတ်ခမ်းကိုစူကာ

"ဘာလဲ ငါကမင်းကို ရိုက်မယ်ထင်လို့လား"

ရိပေါ် မျက်နာငယ်လေးဖြစ်သွားကာ

"မဟုတ်ပါဘူး ဆောရီး"

ရှောင်ကျန့် အတန်ကြာစူပုတ်ပြီးတောင့်ခံနေရာမှ မနေနိုင်တော့၍

"ဟ ဟ ဟ ဟ ဟ"

ရိပေါ် သူ့ကို မျက်လုံးလေးပြူးကာကြည့်နေသည်။

"ငါစတာ ဘာမှမဖြစ်ဘူး သွားရေသွားချိုးတော့"

ရိပေါ် စိတ်မချဟန်ဖြင့် တွန့်ဆုတ်တွန့်ဆုတ် လုပ်ကာ ရေချိုးရန်အခန်းထဲဝင်သွားလေသည်။
ရိပေါ် အခန်းထဲဝင်သွားမှ သူလည်းကြမ်းပြင်ပေါ်တွင်ပွနေသောဆံပင်များကိုလှည်းကျင်းကာ ညစာလုပ်ရန် မီးဖိုချောင်ထဲဝင်လာခဲ့သည်။
ရေခဲသေတ္တာထဲကြည့်တော့ ပေါင်မုန့်တထုတ်နှင့် ရေဘူးတချို့ ဘီယာဘူးတချို့ကလွဲ၍ ကျန်တာမရှိ ဘီရိုတွေထဲမွှေကြည့်တော့လည်း ဘီရိုမှာ အသစ်အလား

Orange Where stories live. Discover now