(Unicode)
အခန်းထဲဝင်လာသူကို ရှောင်ကျန့်မော့မကြည့်မိ
"Ha ha ha Hua Xin ဒီကောင်လေးတော်တော်ရယ်ရတယ်"
Yamaguchi မှာရယ်လက်စနဲ့ပြောလိုက်သော်လည်း Hua Xin ဆိုသောအသံကြား၍ ရှောင်ကျန့် ရုတ်တရက်ခေါင်းမော့ကြည့်မိသွားသည်။
Hua Xin မှာရှောင်ကျန့်ကို မြင်သော်မျက်နာအကြီးအကျယ်ပျက်ကာ
"ဟုတ် ဟုတ်ကဲ့ boss"
ရှောင်ကျန့် အံ့အားသင့်ကာ Hua Xin ကိုပဲလိုက်ကြည့်နေမိသည်။ စိတ်ထဲတွင် သစ္စာဖောက်ခံလိုက်ရသလို
"Hua Xin ကိုသိတယ်မလား"
ရှောင်ကျန့် Hua Xin ဆီမှအကြည့်လွှဲကာ ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် Yamaguchi မှာအရှေ့သို့အနည်းငယ်ရိမ်းလာကာ
"အဲ့တော့ လာရင်းကိစ္စကိုပြောကြတာပေါ့"
ရှောင်ကျန့် စိတ်ထဲတွင်အနည်းငယ်တုန်လှုပ်နေသော်လည်း မျက်နာကိုအတတ်နိုင်ဆုံးတည်ကာ
"ရိပေါ်ကိုအရင်လွှတ်ပေးလိုက်ပါ"
Yamaguchi မျက်ခုံးတဖက်ပင့်သွားကာ
"အို ကမ်းလှမ်းတာက ဒီအသက်ကြီးတဲ့ အဘိုးကြီးက လုပ်ရမှာမဟုတ်ဘူးလား"
Hua Xin မှာ တော်တော်လေးပင် အိန္ဒြေမရတော့ ရှောင်ကျန့်ဘာလို့ဒီကိုရောက်နေလဲ သူမသိသည့်အပြင် ရုတ်တရက်မြင်လိုက်ရတော့ သူဘယ်လောက်တောင် အံ့ဩပြီးလန့်သွားသလဲဆိုတာ
သူတောင် ဒီလောက်ဖြစ်ရင် ရိပေါ်သာဆို ထိန်းမရသိမ်းမရဖြစ်တော့မှာ ခနနေ ရိပေါ်လာတော့မယ် ကိစ္စတွေအကုန်ရှုပ်ထွေးကုန်တော့မှာ
ရိပေါ်က ရှောင်ကျန့်ကို ဒီကိစ္စတွေနဲ့ယှက်နွယ်လာမှာ ဘယ်လောက်ကြောက်လဲ သူအသိဆုံးလေမနေ့ညနေကလည်း အတန်းပြီးပြီးချင်း ရုတ်တရက် Oyabun ရဲ့လူတွေရောက်လာပြီး ရိပေါ်ကိုခေါ်သွားကြသည်။ ရိပေါ်ဆီမှ ဆက်သွယ်နိုက်သောပစ္စည်းမှန်သမျှသိမ်းကာ ရိပေါ်ကိုလူနှစ်ယောက်က ဘေးတဖက်တချက်ဆီမှညှပ်ကာ ခေါ်သွားကြသည်။ ရိပေါ်ကသူ့ကိုအထိမခံသော်လည်း ဘိုးတော်ခေါ်သည်ဆို၍ အေးဆေးသာလိုက်သွားသည် ဒီလိုပိတ်ထားခံရမယ်လို့သူမထင်ထားပါ
![](https://img.wattpad.com/cover/219574763-288-k132962.jpg)
VOCÊ ESTÁ LENDO
Orange