Our Graduation

4.1K 553 26
                                    

(Unicode)

ရှောင်ကျန့် ကျောင်းပြန်တက်လို့ရချိန်မှစ၍ ကျောင်းတက်ရသည်မှာ အခါတိုင်းနှင့်မတူတော့ဘဲ အချိန်မှာသိသိသာသာကုန်မြန်လာသည်။ တက္ကသိုလ်ဝင်တန်းလည်း မကြာမီဖြေရတော့မည်ဖြစ်၍ အရင်လိုပျော်ပျော်ပါးပါး ပေါ့ပေါ့ပါးပါးမဟုတ်တော့ဘဲ သူနှင့်အတန်းတူများအားလုံးမှာ တယောက်နှင့်တယောက်အပြိုင် တစာတည်းစာနေကြတော့သည်
ကိုယ်စီတက်ရောက်ကြမည့် တက္ကသိုလ်အသီးသီးကိုရွေးချယ်ကြပြီး ရည်မှန်းချက်ကိုယ်စီဖြင့် ကြိုးစားနေကြသည့်ကျောင်းသူကျောင်းသားတွေချည်းသာ

ထိုအဖြစ်အပျက်ဖြစ်ပြီး နောက်ပိုင်းတွင် ရှောင်ကျန့် သူဖြစ်ချင်သည့်အရာကို ကွဲကွဲပြားပြားသိလာခဲ့သည်
စာမေးပွဲက သူ့အတွက်မခက်ခဲပေမယ့် ရှေ့ဆက်လျှောက်ရမယ့်လမ်းကြောင်းတခုကိုရွေးချယ်ရမည်ဆိုဆော့ စာမေးပွဲဖြေတာထက်ပို၍ခက်ခဲနေခဲ့သည်လေ

သို့နှင့် ဆောင်းကုန်ကာ နွေဦးသို့ပင်တဖန်ပြန်ရောက်လာခဲ့သည်

စာမေးပွဲအောင်စာရင်းကြည့်ရန် ကွန်ပြူတာရှေ့တွင်ထိုင်နေသော ရှောင်ကျန့်တစ်ယောက် ရင်တွေခုန်နေသလို ခုံနံပါတ်ရိုက်ထည့်မည့် လက်တွေမှာလည်းတုန်လျက်

သူ့ခုံနံပါတ်လားဆိုတော့ မဟုတ်

ရိပေါ်ရဲ့ခုံနံပါတ်

သူ့အမှတ်က သူ့ကိုယ်သူခန့်မှန်းကာသိနှင့်ပြီးသားပါလေ
ရိပေါ်ကို ညတိုင်းသူစာလုပ်ပေးထားပေမယ့် တကယ်စာမေးပွဲဖြေမည်ဆိုတော့ စိတ်ကပူသည်သာ အခုလည်းအမှတ်ထွက်မည်ဆိုတော့ သူ့အမှတ်ကိုအဲ့လောက် စိတ်မဝင်စားပဲရိပေါ်အမှတ်ကိုသာ စိုးရိမ်နေသည်လေ

^^^^^ နံပါတ်ရိုက်ထည့်လိုက်ပြီး အဖြေပေါ်လာရင် စောင့်ဆိုင်းနေစဉ်

'Congratulations you have passed The exam'

ဆိုသော စာကြောင်းလေး ကွန်ပြူတာမှန်သားပြင်ပေါ်တွင် ပေါ်လာ၍ ရှောင်ကျန့်ထအော်ကာ သူ့ဘေးတွင်ရပ်နေသော ရိပေါ်ကိုပြေးဖက်မိသည်

"ရိပေါ် မင်းအောင်တယ် မင်းအောင်တယ် ပျော်လိုက်တာ"

ရိပေါ်မှာ စာမေးပွဲအမှတ်ကို အဲ့လောက်စိတ်မဝင်စားသော်လည်း ရှောင်ကျန့်ဆီမှ အပျော်တွေကူးဆက်ကာ လိုက်ပျော်နေမိပြန်သည်
စာမေးပွဲမဖြေခင်ကတည်းက သူတက္ကသိုလ်မတက်မည့် ဆုံးဖြတ်ချက်ကို ရှောင်ကျန့်ကိုပြောထားပေမယ့် ရှောင်ကျန့်ကသူ့ကို ဒီစာမေးပွဲကိုအောင်စေချင်မှန်းသူသိ၍ အောင်အောင်ဖြေခဲ့သည်လေ

Orange Where stories live. Discover now