Beacon Fighting!!

8.6K 868 6
                                    


(Unicode)

နွေလလည်ဖြစ်၍ ရာသီဥတုမှာ အနည်းငယ်ပြင်းသော်လည်း မခံမရပ်နိုင်အောင်ပူသည်တော့မဟုတ်
ရှောင်ကျန့် ချည်အင်္ကျီအပွနှင့် ဘောင်းဘီတိုလေးဝတ်ကာ National အားကစားရုံရှေ့ရောက်နေသည်။ ဒီနေ့က final ပွဲနေ့
ပြိုင်ရမယ့်အသင်းက Wicked ဆိုသည့် National လက်ရွေးစင်အသင်း

ထိုအသင်းမှာ နှစ်စဉ်ဗိုလ်စွဲထားသည့် အသင်းဖြစ်၍ Beacon high အတွက် challenge များသည့်ပွဲလို့ပြော၍ရလေသည်။ Beacon high မှာ ဆက်တိုက်ဗိုလ်စွဲလာသော်လည်း Wicked နှင့်ယှဉ်လျှင် အတွေ့အကြုံနုသေးသည်ဟုဆိုနိုင်လေသည်။

ရှောင်ကျန့်စိတ်လှုပ်ရှားလွန်း၍ ကစားခန်းထဲဝင်လာကတည်းကခုံရှာလို့မတွေ့
အရှေ့ထိဆင်းလာပြီးမှ အရှေ့နားတွင်တစ်နေရာရ၍ အမြန်ဝင်ထိုင်လိုက်ရသည်။ ပွဲမစခင် ကောင်မလေးတွေရော ကောင်လေးတွေရော လှုပ်လှုပ်ရှားရှားရှိလှသည်။ တစ်ဖက်အသင်းမှာ Cheering အဖွဲ့များနှင့် လာအားပေးသူများမှာလည်း အသင်းနာမည်ပါသော ဝတ်စုံများဝတ်ထားလျက် တက်ညီလက်ညီ
Beacon အသင်းကိုဘက်ကိုကြည့်တော့ အားပျက်စရာ ကင်မရာအလက်ပေါင်းစုံကိုင်ထားသောသူများ ယောက်ျားလေးများမှာလည်း သူ့အဖွဲ့နှင့်သူစကားပြောလျက်
ရှောင်ကျန့် Beacon အသင်းအတွက် မခံချင်ဖြစ်ကာ သနားစိတ်ပင်ဖြစ်မိသည်။ Cheering သည် ကစားပွဲတစ်ခုတွင် အရေးပါကြောင်းသူအသိဆုံးလေ

"Wicked Wicked Wicked!!!!!!"

Wicked အသင်းမှ အသင်းသားများထွက်လာသည်နှင့် တဖက်မှပရိသတ်က သံစုံအော်ကြသည်။ သူတို့နောက်မှ Beacon အသင်းလည်း အစဉ်လိုက်ထွက်လာသည်။
Hua Xin, Feng Xue, Da Lin ပြီးတော့နောက်ဆုံးတွင် Leader 'Wang Yibo'

Beacon high ၏ အမှတ်တံဆိပ်ပါသော Basketball အင်္ကျီ လိမ္မော်ရောင်ကို အားလုံးဝတ်ဆင်ထားကာ တစ်ယောက်ချင်းဆီမှာ ကြည့်လို့ကောင်းနေပေသည်။ Leader Yibo မှာတော့ပြောဖွယ်ရာမရှိ ခါတိုင်းလိုပင်ဆံပင်ကို စုစည်းထားကာ final ပွဲမို့လားမသိ မျက်နာမှာ တည်ငြိမ်ကာအာရုံစိုက်နေဟန် မျက်မှောင်အနည်းငယ်ကျုံ့လျက်ရှိသည်။
Beacon high မှ ပရိတ်သတ်မှာတစ်ယောက်တစ်ပေါက်နာမည်များအော်ကာ ဓာတ်ပုံရိုက်သူကရိုက်နှင့် ဖရိုဖရဲဖြစ်နေသည်။ ရှောင်ကျန့် သူတို့ကိုကြည့်လိုက် တဖက်အသင်းကိုကြည့်လိုက်နှင့် အားမလိုအားမရဖြစ်ကာ သက်ပြင်းသာချမိသည်။

Orange Where stories live. Discover now