No longer a dream

4.4K 543 25
                                    


(Unicode)

ကျန့်ကော... ကျန့်ကော

"ရိပေါ်"

အဆုံးအစမမြင်ရသော အိပ်မက်တခုထဲတွင် ရှောင်ကျန့် ရိပေါ်နာမည်ကိုအော်ခေါ်ကာ ရိပေါ်နောက်ကိုပြေးလိုက်နေသော်လည်း သူနှင့်ရိပေါ်ကြားက အကွာအဝေးမှာတော့အခုထိလျော့မသွားသေး

တနေရာရောက်သော် ရိပေါ်ရပ်လိုက်ကာ သူဘက်ကိုလှည့်ရင်း လက်နှစ်ဖက်ဆန့်လျက် သူ့ကိုစောင့်နေ၍ ရှောင်ကျန့်ပြေး၍ဖက်လိုက်သော်လည်း သူ့လက်ထဲတွင်ရိပေါ်ကရှိမနေ

"ဘေဘီ တပတ်တောင်ရှိပြီ ဘာလို့ငါဆီပြန်မလာသေးတာလဲ ငါ့ကို...ငါ့ကို စိတ်ဆိုးနေလို့လား
ငါမင်းဆီစောစောရောက်မလာလို့.. ဟင့်အင်း ငါမင်းကိုမကာကွယ်ပေးနိုင်လို့ ငါ့ကိုစိတ်ဆိုးပြီး ဒဏ်ပေးနေတာလား"

ရိပေါ်ဆီမှရှိုက်သံတချက်ထွက်လာသည်

"ငါမှားသွားပါတယ် မင်းအပြစ်ပေးချင်သလိုပေးပါ ငါခံပါ့မယ် တောင်းပန်ပါတယ်
ငါ့ဆီကိုပဲပြန်လာပေးပါ ရှောင်ကျန့် မင်းပြန်လာရင် မင်းကြိုက်တာလုပ် ငါ ငါဘာမှမပြောပါဘူး"

ရိပေါ်အသံမှ တော်တော်လေးနွမ်းလျနေပုံရသည်

"ရိပေါ် ခနစကားပြောရအောင်"

မား? မားအသံကိုသူကြားလိုက်သလိုပဲ

ရှောင်ကျန့်မျက်ခွံများမှာ အနည်းငယ်လှုပ်သွားသော်လည်း မပွင့်လာသေး
တခါတရံအပြင်မှစကားများကို တပိုင်းတစကြားနေရသော်လည်း အိပ်မက်လားတကယ်လားမသဲမကွဲ
ရိပေါ်ဝမ်းနည်းနေချိန်သူ့ကိုဆွေးမြေ့စွာစကားပြောနေသံ ဆရာဝန်ကိုခြိမ်းခြောက်လိုက်တောင်းပန်လိုက်လုပ်နေသံ သူ့မားကရိပေါ်ကိုအိမ်ပြန်ဖို့ဖျောင်းဖျနေသံတွေ အကုန်လုံးကို အိပ်မက်လိုလိုပဲ ကြားနေရသည်လေ

"ရိပေါ်"

ရှောင်ကျန့် မာမား စကားစ,ရန်လုပ်ကာရှိသေး

"ကျွန်တော်မပြန်ပါဘူး အန်တီသွားနားလိုက်ပါ ကျွန်တော်ရပါတယ်"

ရှောင်ကျန့်မာမား သက်ပြင်းတချက်ခိုးချမိသည် ရိပေါ်ဒီတပတ်လုံး ရှောင်ကျန့်နားကနေ အပေါ့သွားဘာသွားကလွဲရင်မခွါပဲ မအိပ်မစားနေနေတာ ကြာရင်သူပါအိပ်ရာပေါ်လဲတော့မယ်လေ

Orange Donde viven las historias. Descúbrelo ahora