Wang Yibo! I hate...

5.8K 699 7
                                    

(Unicode)

ကျလိ ကျလိ

'နှိုးစက်မလိုသော ရှောင်ကျန့်မနက်ခင်း'ဆိုသည့်အတိုင်း ပြတင်းပေါက်ဘေးတွင်လာ၍ ကျလိ ကျလိ နေသော ငှက်ကလေးများကြောင့် ရှောင်ကျန့်နိုးလာခဲ့သည်။
School Festival နေ့မို့ ရှောင်ကျန့်တက်ကြွလန်းဆန်းစွာ သီချင်းလေးတအေးအေးနှင့် ကျောင်းသွားရန်ပြင်ဆင်နေသည်။ သူ့အလုပ်က အစားအသောက်ပြင်ရမယ့်အလုပ်မို့ စောစောသွားရန် ရှောင်ကျန့်ဆုံးဖြတ်ထားသည်လေ
ပေါ့ပေါ့ပါးပါးင်္အကျီတစ်စုံဝတ်ကာစက်ဘီးကလေးအေးအေးလူလူမောင်းရင်ကျောင်းသို့ထွက်လာခဲ့သည်။ မနက်ခင်းအနည်းငယ်စောသေး၍ အားကစားလုပ်ပြီးပြန်လာသူအနည်းငယ်တွေ့ရသော်လည်း လမ်းတလျှောက်လုံးတွင်လူရှင်းနေသည်။ ညကမိုးရွာထား၍ထင်သည် ရာသီဥတုကအေးစိမ့်စိမ့်ကလေး နေလို့အတော်ကောင်းတာပဲရှောင်ကျန့်ထိုကဲ့သို့ တိတ်ဆိတ်အေးချမ်းနေသော အချိန်တွင် စက်ဘီးစီးရတာအလွန်သဘောကျသည်

"ကောင်းလိုက်တာ"

ရှောင်ကျန့် လေအေးအေးလေးကို တဝရှူလိုက်ရင်း စက်ဘီးလက်ကိုင်တွင်ကိုင်ထားသောလက်နှစ်ဖက်ကိုလွှတ်ကာ ဘေးသို့ဆန့်တန်းလိုက်ပြီး ထိုမနက်ခင်းလေးကိုအပြည့်အဝခံစားမိသည်။

ကျောင်းရောက်တော့ သူ့လိုပင် စောစောလာသူအများအပြားတွေ့ရသည်။ ရှောင်ကျန့်သူတို့ Fancy Cafe ဆိုင်လေးဆီအမြန်သွားလိုက်သည်။ သူ့စိတ်တွေလှုပ်ရှားနေသည်လေ သူတို့ cafe နားချိန်တွင် တကျောင်းလုံးပတ်ရန် Feng Xue တို့နှင့်ချိန်းထားသည်။ ဒီလို festival ကိုသူငယ်ချင်းတွေနဲ့တူတူပတ်ရမှာ
ဘယ်လောက်တောင်ပျော်စရာကောင်းမလဲ

ရှောင်ကျန့်တို့ cafe လေးကလူတော်တော်စည်သည်။ နေ့လည်ထမင်းစားချိန်တောင် အလှည့်နဲ့နားရသည် နေ့ခင်းရောက်တော့လူပိုများလာသည်။

"ဘယ်လိုလုပ်ကြမလဲ"

သူတို့ cafe မှကောင်မလေးတွေ အုပ်စုလိုက် တိုးတိုးစကားပြောနေ၍ ရှောင်ကျန့်သွားကြည့်လိုက်တော့

"ဘာဖြစ်တာလဲ"

"ရှောင်မေ့ မူးလဲသွားလို့"

Orange Where stories live. Discover now