(Unicode)
Mm....mm...
"ရိပေါ် ခဏလေး ခဏလေး အသက်ရှူဦးမယ်"
ha....ha..
ရှောင်ကျန့်အသက်ကိုအလုအယက်ရှူနေချိန် ရိပေါ် ရှောင်ကျန့်ပါးလေးကို သူ့လက်မဖြင့်အသာလေးထိကာ ရှောင်ကျန့်မေးသေးသေးလေးကိုဆွဲလိုက်ပြီး သူနှုတ်ခမ်းဖြင့် ရှောင်ကျန့်နှုတ်ခမ်းထွေးထွေးအိအိလေးနှစ်ခုကိုညင်သာစွာ ပွတ်သပ်နေမိသည်။
သူတို့နှစ်ယောက် ရင်နှင့်အမျှစကားတွေပြောခဲ့တဲ့ညပြီးနောက် ကျောင်းမှာဖြစ်ဖြစ်ဘယ်မှာဖြစ်ဖြစ် ရိပေါ်ဟာလူလစ်ရင်လစ်သလို သူ့ကိုခိုးခိုးနမ်းတတ်သည်။ လူလစ်ရင်လစ်သလိုဆိုပေမယ့် ရိပေါ်ကတော့ သိပ်ဂရုစိုက်ပုံမပေါ် သူတို့နှစ်ယောက်တွေ့တိုင်း သူ့ကိုနမ်းဖို့လုပ်နေတာချည်း
နမ်းတာတခုထဲလားဆိုတော့မဟုတ်ပါ ဒီလိုနေကြည့်မှ ရိပေါ်ဟာ လူဆိုးလေးလို့ထင်ထားတာတွေလုံးဝမဟုတ်ဘဲ တော်တော်လေး sweet ဖြစ်တဲ့ကောင်လေးဆိုတာသိလာရသည်။
တစ်နေကုန် ရှောင်ကျန့်နောက် တကောက်ကောက် လိုက်သည် သူ့ကိုကလေးတစ်ယောက်လိုပဲ အကုန်လိုက်လုပ်ပေးရုံသာမက တခုခုလိုချင်တာနဲ့ ချက်ချင်းယူလာပေးတတ်သည်။
ရှောင်ကျန့်စဉ်းစားနေရင်းနှင့်ပင် ပြုံးစိစိဖြစ်လာသည်။
ခွေးပေါက်စလေးတွေနဲ့မတူဘူးလား"လာဦး"
ရိပေါ် သူ့ကိုခေါ်၍ ရှောင်ကျန့်ပြေးသွားလိုက်သည်။ ကျောင်းမတက်ခင် မနက်ပိုင်းဖြစ်၍ စက်ဘီး stand နားတွင်ကျောင်းသားများဖြင့်ရှုပ်ယှက်ခက်နေလေသည်။ ရှောင်ကျန့် စောရောက်နေသော်လည်း ထိုနေရာတွင်ပင် ယောင်လည်ယောင်လည်ဖြင့် စက်ဘီး stand တွင် တာဝန်ကျသလိုလို ဘာလိုလိုနှင့် ရိပေါ်ကိုစောင့်နေသည်လေ
ရိပေါ် သူ့အိတ်ထဲမှ တခုခုကိုထုတ်လိုက်ကာ ရှောင်ကျန့်လည်ပင်းကို နှစ်ပတ်သုံးပတ်လောက် ပတ်ပေးလိုက်သည်။ ဘာမှန်းမသိခင်မှာပင် ရှောင်ကျန့်လည်ပင်းမှာ နွေးနွေးထွေးထွေးလေးဖြစ်သွားလေသည်။
ရှောင်ကျန့် ငုံ့ကြည့်လိုက်တော့ မာဖလာအနီရောင်လေး
ဆောင်းစဝင်နေပြီမို့ Shanghai မှာစအေးနေပြီ သူတို့ကျောင်းဝတ်စုံတွေတောင် နွေဝတ်ကနေ ဆောင်းဝတ်ပြောင်းဝတ်နေကြရပြီ
ရိပေါ်ကို ဒီလိုပစ္စည်းလေးတွေအိတ်ထဲထည့်ထားတတ်မယ်လို့ သူမထင်ထားပါ
![](https://img.wattpad.com/cover/219574763-288-k132962.jpg)
YOU ARE READING
Orange