The song you sang for me

4.9K 560 16
                                    

(Unicode)

ခန္ဓာကိုယ်ပေါ် မထိတထိလေး လာထိနေသော မနက်ခင်း နေရောင်ခြည်နွေးနွေးလေးကြောင့် ရှောင်ကျန့်နိုးလာခဲ့သည်။ အချိန်ကိုကြည့်တော့ အခါတိုင်း သူထနေကြပုံမှန်အချိန်
ဆောင်းတွင်းဆိုသော်လည်း ညကလိုက်ကာပိတ်ဖို့မေ့သွားလို့ နေရောင်ကရှိန်ရှိန်လေးဖြစ်နေသေးသည်။
သူဘေးတွင် ကပ်သီးကပ်သပ်လေး အိပ်ပျော်နေသော ကောင်ငယ်လေးနိုးသွားမှာစိုး၍ လိုက်ကာကို အသာလေးဆွဲပိတ်လိုက်ပြီး ထိုကြောင်နာလေးကို ဂရုဏာသက်စွာကြည့်နေမိသည်။ ဟိုတကွက်သည်တကွက် အညိုအမဲကွက်များမှာ မျက်နာဖြူဖြူလေးနှင့် နည်းနည်းမှမအပ်စပ်
ရိပေါ်ပြောပုံအရဆို သူ့အဆင့်ကသူတို့အဖွဲ့ထဲမှာ တော်တော်လေးမြင့်ပုံရသည်
ဒါဆို အရင်ကလည်း ဒီလိုတွေလုပ်နေရတယ်ဆိုတဲ့သဘောလား လုပ်နေကျဆိုဘာလို့ဒဏ်ရာတွေရလာရတာလဲ
သူအရင်က ရိပေါ်ဆီမှာဒဏ်ရာတွေတစ်ခါမှ မတွေ့ဖူးတာအမှန်ပဲ

မဟုတ်မှလွဲရော skill တွေများကျသွားလို့လား

ရှောင်ကျန့် စိတ်ထဲတွင်မကျေနပ်
ဘာကြောင့်ပဲချချ သူ့လူကိုပဲနိုင်စေချင်တာ
ရိပေါ်ခြုံထားသောစောင်ကို အသာလေးဖယ်ကာ ရိပေါ်လက်မောင်းတွေကို စမ်းကြည့်လိုက်တော့....Wow!
သူဟိုတစ်ခါကမြင်လိုက်ရတဲ့ six packs တွေရော ရှိသေးလားမသိဘူး
ရှောင်ကျန့် ပြုံးစိစိဖြင့် ရိပေါ်ဝမ်းဗိုက်ကြွက်သားများကို စမ်းကြည့်တော့ အင်္ကျီပေါ်ကနေပင် သိသာစွာခံစားရသော တောင့်တင်းလှသောကြွက်သားများ

ကိုင်လို့ကောင်းလိုက်တာ

ထိုခံစားချက်တွင်မြောပါပြီး သူ့ကိုယ်သူပင်သတိမထားမိပဲ သူ့လက်များကတဖြည်းဖြည်းအပေါ်ရောက်လာကာ ရင်အုံကြွက်သားများဆီသို့

"စောစောစီးစီး ဟိုစမ်းဒီစမ်းနဲ့ ဘာလုပ်ချင်လို့လဲ ဘေဘီ"

ရိပေါ်နိုးလာမည်မထင်ပဲ သူအာရုံနှင့်သူအလုပ်ရှုပ်နေသော ရှောင်ကျန့်မှာ လိပ်ပြာပင်လွင့်မတတ်လန့်ဖြန့်ကာ တကိုယ်လုံးတုန်သွားလေသည်။ ပြီးမှ ရှက်ကိုးရှက်ကန်းဖြင့် ရိပေါ်ကိုကျောပေးကာ နီရဲနေသောသူ့မျက်နာကိုရိပေါ်မမြင်အောင် ဖွက်ထားလိုက်သည်။
ရိပေါ်အိပ်နေရာမှ ထ,လာကာ သူ့ကိုကျောပေးထားသော ရှောင်ကျန့်ကိုအနောက်မှဖက်လိုက်ပြီး ရှောင်ကျန့် နားနားလေးကပ်ကာ လေသံသာသာလေးဖြင့်

Orange Where stories live. Discover now